■ ကွင်းပိတ်ခံရခြင်းအတွက် ကလေးငယ်များကို မာဆေးအသင်း အစားထိုး     

■ ကွင်းပိတ်ခံရခြင်းအတွက် ကလေးငယ်များကို မာဆေးအသင်း အစားထိုး     
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

မာဆေးလ်အသင်းသည် ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းအစိတ်အပိုင်းအချို့ ပိတ်ပင်ခံရခြင်းအတွက် ကလေးငယ်များကို အစားထိုးကြည့်ရှုစေခဲ့ကြောင်း သိရသည်။ 

မာဆေးလ်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီ၌ ပရိသတ်များ၏ သောင်းကျန်းမှုကြောင့် UEFA ၏ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး ကလေးငယ်များအား အစားထိုးကြည့်ရှုခွင့်ပြုရန်ကိုမူ UEFA က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ကလေးငယ်(၂၀၀၀)ကို ဖိတ်ခေါ် ကြည့်ရှုစေခဲ့ပြီး ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အရွယ်ရောက်သူ (၂၅၀)ကိုလည်း အတူကြည့်ရှုစေခဲ့ကြောင်း သိရသည်။

မာဆေးလ်အသင်းသည် မတ်လ (၇) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဗီလာရီးယဲလ်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ရန် သေချာသလောက်ရှိသွားပြီဖြစ်သည်။ 

Most Read

Most Recent