■ နည်းပြ ဂယ်ရီအိုနေးလ်ကို သက်တမ်းတိုးရန် ဝုလ်ဗ်အသင်း စီစဉ်     

■ နည်းပြ ဂယ်ရီအိုနေးလ်ကို သက်တမ်းတိုးရန် ဝုလ်ဗ်အသင်း စီစဉ်     
Photo: Getty Images
Photo: Getty Images
Published 8 March 2024

ဝုလ်ဗ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံး(၁၀)သင်းစာရင်းဝင်အောင် စွမ်းဆောင်ပေးထားသည့် အင်္ဂလန်နည်းပြ ဂယ်ရီအိုနေးလ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

ဝုလ်ဗ်အသင်းသည် ရာသီသစ်မစမီတွင် နည်းပြ လိုပယ်တယ်ဟီနှင့် လမ်းခွဲခဲ့ရသည့်အတွက် ဂယ်ရီအိုနေးလ်(၄၀ နှစ်)ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိအချိန်၌ ဂယ်ရီအိုနေးလ်ကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ချိန်ရွယ်မှုပင် ရှိလာသည့်အတွက် ဝုလ်ဗ်အသင်းက သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent