ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 11 April 2024

လာလီဂါ

ဘက်တစ် နှင့် ဆယ်လ်တာဗီဂို

ဆယ်လ်တာဗီဂိုတို့ နည်းပြအပြောင်းအလဲလုပ်ထားပေမယ့် အသင်းကပြောင်းလဲသွားဖို့မလွယ်သေးပါဘူး။ ဘက်တစ်က အိမ်ကွင်းပိုကောင်းပြီး ဥရောပဝင်ခွင့်တစ်နေရာအတွက်အမှတ် ရှာနေတဲ့အသင်းပါ။ ဘက်တစ်နဲ့ ဂိုးအများပဲပိုကြိုက်နေမိတယ်။

စီးရီးအေ

လာဇီယို နှင့် ဆလာနီတာနာ

လာဇီယိုက နောက်ဆုံးကစားခဲ့တဲ့ ရောမဒါဘီမှာ ရှုံးပွဲပြန်တွေ့ခဲ့ပေမဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိသေးတယ်။ ဆလာနီတာနာက တန်းဆင်းရမယ့်အသင်းဖြစ်ပြီး နောက်ဆုံး (၁၃)ပွဲ ဆက်နိုင်ပွဲပျောက်နေတယ်။ လာဇီယို ဂိုးပြတ်နိုင်မယ်။

ဘွန်ဒစ်လီဂါ

အော့စ်ဘတ် နှင့် အူန်ယွန်းဘာလင်

အော့စ်ဘတ်အသင်း နောက်ဆုံးပွဲမှာ ရှုံးပွဲပြန်တွေ့ထားတယ်။ ဒါပေမဲ့ ဥရောပဝင်ခွင့်အတွက် အမှတ်လိုတဲ့ အော့စ်ဘတ်ဘက်ကပဲ ရပ်တည်ချင်တယ်။

ပြင်သစ်လီဂူး

မက်ဇ် နှင့် လန်းစ်

လန်းစ်က ဥရောပဝင်ခွင့်တစ်နေရာကို ဆက်လက်ဖမ်းဆုပ်ထားနိုင်ဖို့ ကြိုးစားနေပြီး ပွဲတိုင်းကို အားကုန်ရုန်းကန်နေတာတွေ့ ရပါတယ်။ မက်ဇ်ကတော့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရပြီး နောက်ဆုံး (၃)ပွဲဆက်အရှုံးနဲ့ ဖိအားများနေတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်လာမယ့် မက်ဇ်နဲ့ အရဲစွန့်ကြည့်ချင်တယ်။

Most Read

Most Recent