ခွန်ခမာ ၆၃.၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အိမ်ရှင်ဖိုက်တာကို စိုးမိုးဇော် အမှတ်ဖြင့်ရှုံးနိမ့်

ခွန်ခမာ ၆၃.၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အိမ်ရှင်ဖိုက်တာကို စိုးမိုးဇော် အမှတ်ဖြင့်ရှုံးနိမ့်
Photo: Soe Moe Zaw Facebook
Photo: Soe Moe Zaw Facebook
Published 4 March 2024

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်သည်  ခွန်ခမာ ၆၃.၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အိမ်ရှင်ဖိုက်တာ သီဗာရစ်ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Kun Khmer Warriors ဟု အမည်ပေးထားသည့် ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပြိုင်ပွဲကို ပြီးခဲ့သည့် မတ် ၃ ရက်က ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် စိုးမိုးဇော်သည်   ၆၃.၅ ကီလိုတန်း ခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အိမ်ရှင်ဖိုက်တာ သီဗာရစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံ ၅ နိုင်ငံမှ ကစားသမား ၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

စိုးမိုးဇော်သည် ချန်ပီယံခါးပတ်လုပွဲဖြစ်သောကြောင့် ၃ မိနစ် ၅ ချီယှဉ်ပြိုင်ထိုးသတ်ခဲ့ရသည်။

ပထမအချီတွင် နှစ်ဦးစလုံး အကဲစမ်းသည့်အနေဖြင့် ထိန်းထိုးခဲ့သော်လည်း ဒုတိယအချီမှစ၍ နောက်ဆုံးအချီအထိ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲမှာ မြိုင်ဆိုင်ခဲ့သည်။

ကမ္ဘောဒီးယားဖိုက်တာ သီဗာရစ်မှာ အိမ်ရှင်ပီပီ ဒုတိယအချီမှစ၍ အတင်းဝင်ကာ ဖိအားပေးထိုးသတ်ခဲ့ပြီး အောက်ခြေကန်ချက်များ၊ လူချင်းအပူးတွင် ဒူးတိုက်ချက်များဖြင့် အမှတ်ယူသွားခဲ့သည်။

စိုးမိုးဇော်၏ အမြင့်ကန်ချက်များ၊ ဘယ်ညာတွဲလုံးများမှာ အားပါသော်လည်း သီဗာရစ်ကို သေချာစွာထိရောက်မှုမရှိခဲ့သောကြောင့် ၅ ချီအပြီး အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent