■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 29 March 2024

ဂီတာဖေး - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၇:၃၀ နာရီ)

ဆီဗီလာရဲ့လက်ရှိအဝေးကွင်းကစားနိုင်စွမ်းနဲ့ ဂီတာဖေးကို မနည်းယှဉ်ကစားရလိမ့်မယ်။ ဂီတာဖေးကအိမ်ကွင်းမာတဲ့အပြင် နောက်ဆုံးကစားထားတဲ့ပွဲမှာလည်း ဂျီရိုနာလိုအသင်းကိုအနိုင်ယူပြထားလို့ ဆီဗီလာတို့အတော်လေးကိုတောင့်ခံယူရမှာပါ။ ဆီဗီလာအမြင့်ဆုံးသရေပဲ မျှော်လင့်နိုင်မယ်။ ဂိုးနည်းမယ်။



အယ်မယ်ရီယာ - အိုဆာဆူနာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၄၅ နာရီ)

နိုင်ပွဲစရသွားပြီဖြစ်လို့ အယ်မယ်ရီယာ တက်ကြွနေနိုင်တယ်။ အသင်းကလည်း မထူးဇာတ်ခင်းနေရတဲ့အချိန်ရောက်နေပြီဆိုတော့ အိုဆာဆူနာကိုလည်း အိမ်ကွင်းအားနဲ့ အယ်မယ်ရီယာတို့ ဖွင့်တိုက်လာဦးမှာပါပဲ။ အိုဆာဆူနာကလည်း ခုတလော ကစားပုံပြန်လျော့လာသလိုတွေ့ရလို့ အိမ်ကွင်းမှာအားကုန်ရုန်းမယ့် အယ်မယ်ရီယာပဲ ရွေးထားမယ်။ ဂိုးလည်း များနိုင်တယ်။



ဗလင်စီယာ - မာယော့ကာ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၂:၀၀ နာရီ)

မာယော့ကာက ဒီပွဲပြီးရင် ဘီလ်ဘာအိုနဲ့ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကစားရဖို့ရှိနေတယ်။ ဒါကြောင့် အခုပွဲကိုသိပ်ပြီး အင်အားကုန်သုံးမယ့်ပုံမပေါ်ပါဘူး။ ကစားပုံအရတော့မာယော့ကာရဲ့လက်ရှိခြေစွမ်းက ဗလင်စီယာကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့များတယ်။ ဗလင်စီယာက အိမ်ကွင်းဆိုခြေပိုစွာပြီး ဂိုးသွင်းနှုန်းလည်းကောင်းတတ်ပေမယ့် မာယော့ကာရဲ့ မာဂုဏ်နဲ့ အဝေးကွင်းမှာ ထိန်းကစားလာနိုင်မှုကိုတော့ ကျော်လွှားပြဖို့ခက်မယ် ထင်တယ်။ ဂိုးနည်းသရေပွဲပဲ ရွေးထားလိုက်တယ်။



ဘာစီလိုနာ - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၂:၃၀ နာရီ)

ဒဏ်ရာပြဿနာတွေကြားထဲမှာပဲ ဘာစီလိုနာကတော့ ကစားပုံပြန်တိုးတက်လာနေတယ်။ စတီဂန်ပြန်ကစားနိုင်ပြီး နောက်ပိုင်းခံစစ်လည်းပြန်ငြိမ်လာသလိုတွေ့ရတယ်။ ဒါ့ပြင် နည်းပြဇာဗီတစ်ယောက်ရာသီကုန်ထွက်မယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း လာလီဂါမှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ကစားပုံလည်း တစ်ပွဲပြီးတစ်ပွဲအရှိန်ရလာသလိုတွေ့ရတယ်။ တိုက်စစ်မှာ လီဝန်ဒေါစကီးရဲ့သွင်းဂိုးတွေပြန်မြင်လာရသလို ဖရန်ကီဒီယွန်း၊ ပတ်ဒရီတို့မကစားနိုင်ချိန်မှာ ကွင်းလယ်ပိုင်းကိုလည်း ဂွန်ဒိုဂန်က ကောင်းကောင်းထိန်းပေးထားနိုင်သလို တွေ့ရပြီးတိုက်စစ်ကိုပါ ပံ့ပိုးမှုပိုလုပ်လာနိုင်တယ်။ လက်စ်ပါမားစ်ကတော့ ဘာစီလိုနာနဲ့ ကွာခြားလွန်းပါသေးတယ်။ အဝေးကွင်းကစားပုံကလည်း အားနည်းလို့ ဘာစီလိုနာရဲ့အရှိန်ပြန်ရနေတဲ့ကစားပုံကို ထိန်းဖို့ခက်မှာပါ။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။

 

Most Read

Most Recent