■ စီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

လက်ချီ - မွန်ဇာ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၇:၃၀ နာရီ)

အထက်မရောက်၊ အောက်မရောက်အသင်းတွေ ဆုံတွေ့တဲ့ပွဲဖြစ်ပြီး (၂)သင်းစလုံးအတွက် ဘာဖိအားမှ မရှိဘူးလို့် ဆိုရမယ်။ ဒါပေမဲ့ နောက်ဆုံး (၂)ပွဲဆက်အနိုင်ရခဲ့ပြီး အိမ်ကွင်းအားသာချက်ရှိတဲ့ လက်ချီကို ကြိုက်တယ်။



ဂျူဗင်တပ်စ် - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၀:၃၀ နာရီ)

မီလန်ဒါဘီမှာ ရှုံးပွဲတွေ့ခဲ့တဲ့ အေစီမီလန်အသင်းမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် သီယိုဟာနန်ဒက်ဇ်၊ ကာလာဘရီယာတို့လို နောက်ခံလူတွေ ပါဝင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အေစီမီလန်ရဲ့နောက်ခံအစွန်နေရာတွေမှာ အားနည်းချက်တွေရှိလာနိုင်တယ်။ ဂျူဗင်တပ်စ်ကလည်း စီးရီးအေနောက်ပိုင်းပွဲတွေမှာ နိုင်ပွဲရဖို့ အတော့်ကို ရုန်းကန်လာရတယ်။ နောက်ဆုံးပွဲမှာ ကြယ်ပွင့်တိုက်စစ်မှူး ဗလာဟိုဗစ်ဂိုးပေါက်ပြန်တွေ့ခဲ့တာကတော့ ဂျူဗင်တပ်စ်အတွက် အားသာချက်လို့ ဆိုနိုင်ပါတယ်။ အဆင့်(၂)နေရာ မျှော်လင့်ချက်အတွက် ဂျူဗင်တပ်စ် အနိုင်ကစားလိမ့်မယ်။



လာဇီယို - ဗီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၂:၁၅ နာရီ)

လာဇီယိုက စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိအ နိုင်ရခဲ့ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်ပြန်လည်ရှင်သန်လာတယ်။ ဗီရိုနာက အဝေးကွင်းအားနည်းချက်များတဲ့ အသင်းပါ။ လာဇီယို အနိုင်သေချာတယ်။ (၂-ဝ)၊ (၃-၁)ရလဒ်တွေ ဖြစ်နိုင်တယ်။

 

Most Read

Most Recent