ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို Apple ရရှိရန် နီးစပ်နေ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့်ကို Apple ရရှိရန် နီးစပ်နေ
Photo: Apple
Photo: Apple
Published 26 April 2024

နာမည်ကျော် နည်းပညာကုမ္ပဏီ Apple သည် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်ခွင့်ရရှိရန် နီးစပ်နေကြောင်း သိရသည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ပြိုင်ပွဲအထိ အသင်း(၇)သင်းဖြင့်သာ ကျင်းပခဲ့သော်လည်း ၂၀၂၅ ခုနှစ်ပြိုင်ပွဲတွင် အသင်း(၃၂)သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ဥရောပထိပ်သီးကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်တို့ ပါဝင်မည်ဖြစ်ပြီး ပရိသတ်များအား ဆွဲဆောင်နိုင်မည့် ပြိုင်ပွဲတစ်ခုဖြစ်ခြင်းကြောင့် Apple က ရုပ်သံထုတ်လွှင့်ခွင့်ရယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်(၁၅)မှ ဇူလိုင်(၁၃)အထိ ကျင်းပသွားရန် စီစဉ်ထားပြီး Apple သည် ယင်းပြိုင်ပွဲအတွက် ရုပ်သံမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ (၁)ဘီလီယံဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီမှုအတိုင်းသာ အမှန်တကယ်ဖြစ်မြောက်လာခဲ့ပါက Apple သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ကျင်းပသည့် ပြိုင်ပွဲတစ်ခုကို တစ်ဦးတည်းမူပိုင်ခွင့်ဖြင့် ပြသခွင့်ရရှိသည့် ပထမဆုံးကုမ္ပဏီအဖြစ် မှတ်တမ်းဝင်မည်ဟု သိရသည်။