ကုန်ကြမ်းပြတ်တောက်မှုနှင့် မီးပျက်မှုအပြင် လုပ်သားရှားပါးလာမှုက စိုးရိမ်စရာဖြစ်လာသည့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ

ကုန်ကြမ်းပြတ်တောက်မှုနှင့် မီးပျက်မှုအပြင် လုပ်သားရှားပါးလာမှုက စိုးရိမ်စရာဖြစ်လာသည့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ
Published 5 May 2024

နိုင်ငံအလိုက် ဒေတာများကို လေ့လာကြည့်လျှင် အာဆီယံတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံမှာ ထုတ်လုပ်မှု အခြေအနေများ တိုးတက်လာကြောင်း တွေ့ မြင်နိုင်ပြီး အဆင့်အတန်းပြဇယား၏ ထိပ်ဆုံး နေရာတွင် အင်ဒိုနီးရှားက စင်ကာပူကို အ စားထိုးနေရာယူလိုက်သည်။ ယင်းအတော အတွင်း ထိုင်းနိုင်ငံက စစ်တမ်း၏ လွန်ခဲ့သော သုံးလအတွင်း လုပ်ကိုင်မှုအခြေအနေများ ဆုတ်ယုတ်လာမှု အားအကောင်းဆုံးဖြစ်ခဲ့ ကြောင်း အချက်ပြခဲ့သည်။

S&P Globalအာဆီယံထုတ်လုပ်မှု  PMI ကို S&P Global သည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ဖိလစ်ပိုင်၊စင်ကာပူ၊ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်သူစုစုပေါ င်း ၂၁၀၀ ခန့် ပါဝင်သည့်အဖွဲ့များက ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးသည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေကြား ချက်များကို အခြေခံတွက်ချက်ထားခြင်းဖြစ် သည်။

S&P Global က နောက်ဆုံး PMI စစ် တမ်းဒေတာအရ ၂၀၂၄ ခုနှစ် ဒုတိယသုံးလ ပတ်အစသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ် လုပ်ရေးအခြေအနေများ တည်ငြိမ်လာနေ ခြင်းကို အချက်ပြနေသည်။ ခုနစ်လဆက် တိုက် ကျဆင်းလာမှုနောက်ပိုင်းတွင် စက်ရုံ အော်ဒါများနှင့် ထုတ်လုပ်မှုအသစ်တစ်ဖန်တိုး လာခြင်းက ဝယ်လိုအား တိုးတက်ကောင်းမွန် လာမှုကို ညွှန်ပြနေသည်။

သို့သော်လည်း ထုတ်လုပ်သူတို့သည် ဝန်ထမ်းဦးရေနှင့် ၎င်းင်း တို့၏ အလုပ်ပမာဏကို ထိန်းသိမ်းထားရန် ထပ်မံပြီး ရုန်းကန်ခဲ့ကြရကြောင်း ၂၀၂၄ ခု နှစ် ဧပြီလအတွက် ထုတ်ပြန်သည့် ထည့်ကုန် ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) စစ် တမ်းတွင် ဖော်ပြထားသည်။

စျေးနှုန်းများကို ဆန်းစစ်ကြည့်လျှင် ကုန်ကြမ်းစျေးနှုန်းများနှင့် ပို့ဆောင်ခများ မြင့် တက်လာနေချိန်တွင် ဒေါ်လာအတွက် မြန်မာကျပ်ငွေနှုန်း ကျဆင်းလာနေရာ ကုန် ကျစရိတ်ဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာခဲ့ သည်။ ထိုအချက်၏ ရောင်ပြန်ဟပ်မှုကို ရော င်းစျေးများ တစ်ဟုန်ထိုးမြင့်တက်လာမှု ထဲတွင် တွေ့မြင်ရသည်။သို့ဖြစ်ရာ ငွေကြေး ဖောင်းပွ မှု ဖိအားပေးမှုများမှာ ခုနစ်လအ တွင်း အားအကောင်းဆုံးအဖြစ် မှတ်တမ်း တင်ခဲ့ရ သည်။

“မြန်မာနိုင်ငံစက်မှုထုတ်လုပ်မှုကဏ္ဍ ရဲ့ အခြေအနေ တည်ငြိမ်လာမှုဟာ အားတက်စ ရာသတင်းကောင်းပါ။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ခုနစ်လအတွင်းမှာ ပ ထမအကြိမ်ပြန်ဦးမော့လာမှုပါ။ ဒါပေမဲ့ နိုင် ငံထဲက ထိရှလွယ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအ ခြေအနေတွေကို ထည့်တွက်ရင် ဝယ်လိုအား ပြန်သက်ဝင်လာမှုဟာ ရေတိုဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို တိုး ချဲ့လိုစိတ်အလျဉ်းမရှိကြဘဲ ဝယ်ယူမှုတွေကို လျှော့ချရင်း လက်ထဲက သိုလှောင်ကုန်တွေ ကို သိသိသာသာကြီး ထုတ်ယူသုံးခဲ့ကြတယ်” ဟု မြန်မာထုတ်လုပ်မှု PMI ဒေတာကို သုံး သပ်လျက် S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluchက ပြောကြားသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုPMI  ထုတ်လုပ်ရေးစွမ်းဆောင် မှုကို ဖော်ပြထားသည့်တစ်ခုတည်းသော အ ညွှန်းကိန်းသည် မတ်လ ၄၈ ဒသမ ၃ နှင့်ယှဉ်လျှင် ဧပြီလတွင် ၄၉ဒသမ ၉ သို့ ရောက်ရှိလာသည်။ အ ရေးအကြီးဆုံးအညွှန်းကိန်းမြင့်တက်လာမှု အတွက် အဓိကအချက်မှာ အော်ဒါအသစ် များအသစ်တစ်ဖန်တိုးရလာမှုက ထောက်ပြ နေသည့် လက်ရှိဝယ်လိုအား ပြန်ကောင်းလာ ခြင်းဖြစ်သည်။ စက်ရုံအော်ဒါများသည် ရှစ် လအတွင်းမှာ ပထမဦးဆုံးအကြိမ် မြင့်တက် လာခဲ့ရာ ၎င်းင်းက ထုတ်လုပ်မှုထပ်မံတိုးချဲ့ရေး ကို လှုံ့ဆော်ပေးခဲ့ခြင်းမှာ လွန်ခဲ့သည့်နှစ် သြ ဂုတ်မှစပြီး ပထမအကြိမ်ဖြစ်လာသည်။

“ဒီထက်ပိုပြောရပါက လက်နက်ကိုင်အ ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေခြင်းဟာ စီးပွားရေးအပေါ်ကို လေးလံ စွာဖိစီးနေပါတယ်။ ကုန်သွယ်ရေးလမ်းကြော င်းတွေ ထိပါးခံခဲ့ရတယ်။ အဲဒီအချက်က တ ဖန်ထည့်ကုန်တွေ ပေးသွင်းမှုကြာမြင့်ချိန်ကို ပိုရှည်လာစေပါတယ်။ နောက်ပြီး မကြာမီက ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေက ပြည်တွင်း မှာ အလုံးအရင်းနဲ့ လူတွေကို ရွှေ့ပြောင်းရေး ဆီကို ရှေးရှုလာစေခဲ့ကာ အလုပ်သမားရှား ပါးမှုကို များစွာ ပြင်းထန်လာစေခဲ့တယ်။ ခြံ ပြောရရင် နိုင်ငံဟာ ပြည်တွင်းစစ်ကို ဆက် လက်ရင်ဆိုင်ရဖို့ အလားအလာများနေတဲ့အ တွက် ထုတ်လုပ်သူတို့အပေါ်က ဖိအားတွေ ဟာ ဆက်ပြီး အားကောင်းပြင်းထန်နေဦးမယ် လို့ ယူဆရပါတယ်” ဟု စီးပွားရေးပါရဂူ Maryam Baluch က ပြောကြားခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ ပါဝင်ဖြေကြားသူတို့ က ကုန်ကြမ်းရှားပါးနေကြောင်းနှင့် ယခင်လ များမှ သိုလှောင်ကုန်များကို ဆက်လက်အား ကိုးနေရခြင်းကို အစီရင်ခံနေကြချိန်မှာ ထုတ် လုပ်သူတို့သည် ၎င်းင်းတို့၏ ဝယ်ယူရေးလုပ် ငန်းများကို ဆက်လက်ထိန်းချုပ်ခဲ့ကြရသည်။ အကျိုးဆက်အဖြစ် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး သိုလှောင်ကုန်များမှာ ဧပြီ လတွင် သိသာသည့်နှုန်းထားဖြင့် ကုန်ခန်း လာခဲ့သည်။

အလုပ်နေရာများ ကျဆင်းလာမှုမှာ ဧပြီ လတွင် ၁၁ လမြောက်ဖြစ်လာသည်။ထို့ပြင် အလုပ်နေရာများ ဖြတ်တောက်ခံခဲ့ရသည့် နှုန်း မှာမူ နှစ်နှစ်ခွဲကာလအတွင်း မှတ်တမ်းတင်ခဲ့သည့် အားအကောင်းဆုံး တစ်ခုဖြစ်သည်။ စစ်မှုထမ်းရေးဥပဒေက လုပ်အားပြတ်တော က်မှုများကို ဆက်လက်ဖန်တီးနေရာ အလုပ် မှ နုတ်ထွက်သွားကြသည့်အလုပ်သမားများ ရှိပြီး အများအပြားတို့က မိမိတို့ဇာတိနေရပ် များသို့ ပြန်ရွှေ့ပြောင်းနေကြသည်။

အလုပ်သမားရှားပါးမှုသည် မြန်မာထု တ်လုပ်ရေးကဏ္ဍအတွက် စိုးရိမ်စရာအချက် တစ်ခု ဖြစ်လာပြီး ကုန်ကြမ်းပြတ်တောက်မှု များနှင့် မီးပျက်မှုများ ဆက်လက်ရှိနေကြောင်း အစီရင်ခံထားကြရာ ထုတ်လုပ်မှုစွမ်းအား ဆိုင်ရာ ဖိအားပေးမှုများ ပြင်းထန်လျက်ရှိနေ ဆဲဖြစ်သည်။ လက်ကျန်အလုပ်များသည်  ရှေ့ဆက်မြင့်တက်လာခဲ့ပြီး ဧပြီလတွင် အ ရှိန်သိသာလာသည်။

ကုန်ကြမ်းရှားပါးမှုသည် ပစ္စည်းပေး သွင်းမှုကြာချိန်များ တိုးလာရခြင်း၏အကြော င်းရင်းဖြစ်ကြောင်း၊ မကြာမီက လက်နက်ကို င်ပဋိပက္ခအရှိန်မြင့််လာခဲ့မှုသည် ကုန်သွယ် ရေးလမ်းကြောင်းများကို ပြတ်တောက်စေခဲ့ ပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအ ပေါ် ဖိအားပေးမှု ထပ်တိုးလာစေခဲ့သည်။

မြင့်တက်လာသည့်ကုန်ကြမ်း ပို့ဆောင် ရေးစရိတ်များနှင့် အခြေမသာသည့်ငွေလဲနှုန် းတို့ကြောင့် စျေးနှုန်းများအပေါ် အကျိုးသက် ရောက်မှုများသည် ငွေကြေးဖောင်းပွမှုဖိအား ပေးမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။ ကုန် ကျမှု ဝန်ထုပ်ဝန်ပိုးများသည် ခုနစ်လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် မြင့်မားလာခဲ့ သည်။ အလားတူ ရောင်းစျေးများကိုပါ ဒုတိ ယသုံးလပတ်အစပိုင်းတွင် ထပ်မံမြှင့်ခဲ့ကြ သဖြင့် ကုမ္ပဏီများသည် မိမိတို့၏ ကုန်ကျစ ရိတ်များကို စျေးဝယ်များအပေါ်သို့ လွှဲချခဲ့ သည်။

နောက်ဆုံးအဖြစ် ယခင်စစ်တမ်းလမှာ ပင် အဆိုးမြင်မှုအမြင့်ဆုံးအဆင့်ကို စက်မှု ကဏ္ဍတွင် မှတ်တမ်းတင်ခဲ့သည့်နောက်ပိုင်း ဧပြီလတွင် မြန်မာနိုင်ငံအခြေစိုက်ထုတ်လုပ် သူတို့သည် အကောင်းမြင်မှုကို မှတ်တမ်းတင် ခဲ့ကြသည် ထောက်ပြရမည်ဖြစ်သည်။

ကုမ္ပဏီများသည် လာမည့် ၁၂ လအ တွင်း ထုတ်လုပ်မှုတိုးလာမည်ဟု ထပ်မံမျှော် မှန်းကြသည်။ ကုန်စည်အသစ်များကို စျေး ကွက်သို့ တင်ရောင်းပေးမှုက ရောင်းရမှုကို မြှင့်တင်ပေးလျက် ဝယ်လိုအားအခြေအနေ များ တိုးတက်စေမည်ဟု မြန်မာနိုင်ငံအတွင်း ကုန်စည်ထုတ်လုပ်သူတို့က မျှော်လင့်နေကြ  ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထား သည်။

                  

         

Most Read

Most Recent