တားမြစ်ဆေးစစ်ဆေးရာတွင် လိမ်လည်ရန် ကြိုးပမ်းမှုဖြင့် ဖလာမင်ဂိုအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဘာဘိုဆာ ပွဲကစားခွင့် နှစ်နှစ် ပိတ်ပင်ခံရ

တားမြစ်ဆေးစစ်ဆေးရာတွင် လိမ်လည်ရန် ကြိုးပမ်းမှုဖြင့် ဖလာမင်ဂိုအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဘာဘိုဆာ ပွဲကစားခွင့် နှစ်နှစ် ပိတ်ပင်ခံရ
Photo: Getty Images
Photo: Getty Images
Published 27 March 2024

 

ဖလာမင်ဂိုအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီယဲလ်ဘာဘိုဆာသည် တားမြစ်ဆေးစစ်ဆေးရာတွင် လိမ်လည်ရန်ကြိုးပမ်းမှုဖြင့် ပွဲကစားခွင့် နှစ်နှစ်ပိတ်ပင်ခံရကြောင်း သိရသည်။

ဂါဘီဂိုးလ်ဟု အမည်ပြောင်ရသည့်  အသက် ၂၇ နှစ်အရွယ်ရှိကစားသမားသည် ပွဲမတိုင်မီ တားမြစ်ဆေးစစ်ဆေးမှုကို ဆောင်ရွက်ခြင်းမရှိခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ 

ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၁၈ ပွဲ ကစားထားသူ ဘာဘိုဆာကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။ ဘာဘိုဆာသည် ၂၀၁၆ ရီယိုအိုလံ  ပြိုင်ပွဲ ရွှေတံဆိပ်ဆုရ ဘရာဇီးလ်အသင်းသား တစ်ဦးလည်း ဖြစ်ခဲ့ပြီး ယခုပြစ်ဒဏ်အား နိုင် ငံတကာအားကစားခုံရုံး (CAS) ထံ အယူခံဝင်သွားဖွယ်ရှိသည်။ 

ဘာဘိုဆာ၏ပြစ်ဒဏ်သည် ၂၀၂၃ ဧပြီလ ၈ ရက်တွင် စတင်သက်ရောက်သောကြောင့် လာမည့် ၂၀၂၅ ပြိုင်ပွဲ ရာသီအစတွင် ပြန်ကစားနိုင်မည်ဖြစ်သည်။

Most Read

Most Recent