■ အိုနာနာနေရာ ဆိုစီဒက်ဂိုးသမား ရီမီရိုနှင့် အစားထိုးရန် မန်ယူ စီစဉ်

■ အိုနာနာနေရာ ဆိုစီဒက်ဂိုးသမား ရီမီရိုနှင့် အစားထိုးရန် မန်ယူ စီစဉ်
Photo: Getty Images
Photo: Getty Images
Published 10 May 2024

မန်ယူအသင်းသည် လက်ရှိဂိုးသမား အိုနာနာ၏နေရာတွင် ဆိုစီဒက်အသင်းမှ စပိန်ဂိုးသမား ရီမီရိုနှင့်အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ၌ ပေးဂိုး(၈၀)ကျော် ပေးခဲ့ရသည့်အတွက် ဂိုးသမားအပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေခြင်းဖြစ် ကြောင်း သိရသည်။ 

ရီမီရို(၂၉ နှစ်)သည် ယခုရာသီတွင် ဆိုစီဒက်အသင်းအတွက် လာလီဂါပွဲစဉ် (၃၃)ပွဲ ယှဉ်ပြိုင်ကစားရာ၌ ဂိုးမပေးရသည့် Clean Sheet ပွဲ (၁၃)ပွဲရှိခဲ့ပြီး လာလီဂါအကောင်း ဆုံးဂိုးသမားဆုရရှိရန် နီးစပ်နေသူဖြစ်သည်။ 

၎င်းသည် ဆိုစီဒက်အသင်းနှင့် ယူရိုသန်း(၇၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။

Most Read

Most Recent