စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ဂျိုးကိုးလ် ထောက်ခံ

စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ဂျိုးကိုးလ် ထောက်ခံ
Photo: TNT Sports
Photo: TNT Sports
Published 4 April 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျိုးကိုးလ်က စပါးအသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဟု ထောက်ခံပြောကြားခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) အပြီးတွင် ရမှတ် (၅၇) မှတ်ဖြင့် အဆင့် (၅) နေရာ၌ ရပ်တည်နေပြီး အဆင့် (၄) မှ အက်စတွန်ဗီလာအသင်း(၅၉ မှတ်)နှင့် (၂) မှတ်သာ ကွာဟသည်။

ထို့ကြောင့် ဂျိုးကိုးလ်က ''စပါးအသင်း အဆင့် (၄) ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အက်စတွန်ဗီလာက ဥရောပပြိုင်ပွဲလည်း ရှိတာကြောင့် စပါးအနေနဲ့ သူတို့ကို လိုက်နိုင်မယ်ထင်ပါတယ်။ သူတို့ အဆင့် (၄)ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent