ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် ဒီယက်ဇ်ကို PSG ပစ်မှတ်ထား

ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် ဒီယက်ဇ်ကို PSG ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 14 March 2024

ပြင်သစ်ထိပ်သီး PSG အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် အသင်းတိုက်စစ်မှူး ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်ကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

ယခုရာသီကုန်တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘာပေသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ငြင်းဆိုထားပြီး လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့မည်ဟု သတင်းထွက် ပေါ်နေသည်။

ထို့ကြောင့် PSG အသင်းသည် လာမည့်နွေရာသီတွင် ဘာပေ၏နေရာကို အစားထိုးရန် ထိပ်တန်းကစားသမားတစ်ဦး ရှာဖွေနေပြီး ယခုအခါ လီဗာပူးလ်မှ ကိုလံဘီယာတိုက်စစ်ကစားသမား ဒီယက်ဇ်(၂၇ နှစ်)ကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ၎င်းအတွက်ပြောင်း ရွှေ့ကြေးကို ယူရို (၁၄၅)သန်း သတ်မှတ်ထားကြောင်း သတင်းထွက်ပေါ်နေသည်။ 

Most Read

Most Recent