လူကာကူကို ဆော်ဒီသို့ ရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်နေ

လူကာကူကို ဆော်ဒီသို့ ရောင်းချရန် ချယ်လ်ဆီးအသင်း စီစဉ်နေ
Photo: X
Photo: X
Published 5 April 2024

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ရိုးမားအသင်းထံ အငှားချထားသော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို လာမည့်နွေရာသီတွင် ဆော်ဒီသို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် တန်ဖိုးကြီးမားစွာဖြင့် ခေါ်ယူထားခဲ့ရသော လူကာကူအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေး ပြန်လည်ရရှိလိုခြင်းကြောင့် ဆော်ဒီသို့ ရောင်းချရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်နှင့် တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်ခဲ့ပြီး ယူရိုသန်း(၆၀)ဟု စျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent