■ ပက်ဂျီဆန်ပြောတဲ့ ဖာဂီအကြောင်း

■ ပက်ဂျီဆန်ပြောတဲ့ ဖာဂီအကြောင်း
Photo : Getty Images
Photo : Getty Images
Published 4 April 2024
AK

ဆာအဲလက်စ်ဖာဂူဆန်က စည်းကမ်းတင်းကျပ်ပြီး ကစားသမားတွေကို မျက်နှာသာပေးလေ့မရှိဘူး။ မန်ယူဆိုတဲ့ အမှတ်တံဆိပ်အထက်မှာ ဘယ်ကစားသမားမှ အခွင့်အရေးမရှိဘူးလို့လည်း ယူဆထားသူပါပဲ။ ဖာဂူဆန်ရဲ့သံမဏိစည်းကမ်းတွေကြောင့် ကစားသမားအများစု မကျေနပ်ကြဘူး။ တချို့က လူချင်းထိပ်တိုက်တွေ့ပြီးဖြေရှင်းကြတယ်။ ဘက်ခမ်၊ ရွိုင်ကင်း၊ နစ္စတယ်ရွိုင်း၊ ဖာဂူဆန်နဲ့ ပြဿနာမတက်ဖူးတဲ့ ကစားသမားတွေအများကြီးပဲ။ ခေါင်းမာတဲ့ စကော့တလန်အဘိုးကြီးဟာ စိတ်ကြီးဝင်မောက်မာတတ်သူလို့ ထင်ချင်စရာပဲ။ တကယ်ဆိုရင် အဲဒီလိုမဟုတ်ပါဘူး။ ဆာအဲလက်စ်ရဲ့ တကယ့်ပုံရိပ်အစစ်အမှန်ဟာ မီဒီယာတွေဖော်ပြတာနဲ့ တခြားစီပါပဲ။

 

Most Read

Most Recent