■ ဗန်ဒိုက်ပြောတဲ့ ဗန်ဒိုက်အကြောင်း (၂)     

■ ဗန်ဒိုက်ပြောတဲ့ ဗန်ဒိုက်အကြောင်း (၂)     
Photo: Getty Images
Photo: Getty Images
Published 22 March 2024
AK

လီဗာပူးလ်ကို မရောက်ခင်မှာ စိတ်လှုပ်ရှားရပေမဲ့ တကယ်တမ်း လီဗာပူးလ်ကစားသမားဘဝရောက်ချိန်မှာ ရှေးဘဝကရေစက်ပါခဲ့သလိုမျိုး ဗန်ဒိုက်ခံစားခဲ့ရတယ်။ အတွေ့အကြုံတွေက သင်ကြားလိုက်တာမျိုးမဟုတ်ဘဲ သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်တာမျိုးပါပဲ။ အဲဒီအရာကို ချစ်ခြင်းမေတ္တာလို့ ဆိုနိုင်မလား။ ဗန်ဒိုက်နဲ့ လီဗာပူးလ်ဟာ အဲဒီလိုမျိုး ရှေးရေစက်ပါခဲ့တယ်။ လီဗာပူးလ်ကို ရောက်တဲ့အချိန်ကစလို့ ဗန်ဒိုက်ရဲ့ လီဗာပူးလ်အပေါ် ထားရှိရာ ချစ်ခြင်းမေတ္တာဟာ စိမ်းလန်းစိုပြေခဲ့တယ်။ လီဗာပူးလ်နဲ့အတူ ခမ်းနားအိပ်မက်တွေ အတွက် စီးချင်းထိုးရချိန်မှာလည်း ဗန်ဒိုက်ဟာ သွေးကြောင်မနေခဲ့ဘူး။ ဆောက်သမ်တန်မှာ သူ ဘာကောင်လဲဆိုတာ ပြသထားပေမဲ့ လီဗာပူးလ်နဲ့ ဖြတ်သန်းရတဲ့ခရီးချင်း မတူညီဘူး။ ဆောက်သမ်တန်က ဒုတိယတန်းစားအတွေ့အကြုံဟာ လီဗာပူးလ်လို အထက်တန်းစားအသင်းမှာ ပါရမီမပြည့်စုံဘဲနဲ့ မဖြစ်နိုင်ဘူး။

 

Most Read

Most Recent