အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရသည့်ညက ကားအတွင်း ကိုကင်းယူဆောင်လာကြောင်း မက်ဂရီဂေါ် ဝန်ခံထွက်ဆို

အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရသည့်ညက ကားအတွင်း ကိုကင်းယူဆောင်လာကြောင်း မက်ဂရီဂေါ် ဝန်ခံထွက်ဆို
Photo: The Irish Independent
Photo: The Irish Independent
Published 16 November 2024

 

နာမည်ကြီး အိုင်ယာလန် MMA ကစားသမား မက်ဂရီဂေါ်က အဓမ္မပြုကျင့်ကြောင်း စွပ်စွဲခံရသည့်ညက ကားအတွင်း ကိုကင်းယူဆောင်လာကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

မက်ဂရီဂေါ်နှင့် ဂျိမ်းစ်လောရန့်စ်ဟု အမည်ရသည့် အမျိုးသားသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ ဟိုတယ်အိပ်ခန်းတစ်ခုအတွင်း နီကီတာဟန်း ဟုအမည်ရသူ အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲမှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

နိုဝင်ဘာ ၁၄ ရက်ကပြုလုပ်သည့် ကြားနာစစ်ဆေးမှုတွင် မစ္စဟန်း၏ရှေ့နေဖြစ်သူ ဂျွန်ဂေါ်ဒွန်က မက်ဂရီဂေါ်အား စွပ်စွဲသူအမျိုးသမီး၊ အခြားသက်သေတစ်ဦးတို့နှင့်အတူ ကားအတွင်းရှိနေစဉ် ကိုကင်းယူဆောင်လာသလားဟု မေးမြန်းရာ ၎င်းက "မှန်ပါ တယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မက်ဂရီဂေါ်က ၎င်းနှင့် နီကီတာဟန်း သည် နှစ်ဦးသဘောတူဖြင့် လိင်ဆက်ဆံမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မစ္စဟန်းမှာ လောရန့်စ်နှင့်လည်း လိင်ဆက်ဆံမှုပြုလုပ်ခဲ့ကြောင်း တရားရုံးသို့ ထွက်ဆိုခဲ့သည်။ မစ္စဟန်းကမူ လောရန့်စ်နှင့် လိင်ဆက်ဆံဖူးခြင်း မရှိကြောင်း ငြင်းဆန်ထားသည်။ 

သို့သော် နိုဝင်ဘာ ၁၄ ရက် ကြားနာစစ်ဆေးမှုတွင် လောရန့်စ်က ဟိုတယ်မှ မက်ဂရီဂေါ်ထွက်ခွာသွားပြီးနောက် ၎င်းနှင့် မစ္စဟန်းတို့ နှစ်ဦး သဘောတူ လိင်ဆက်ဆံမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ မစ္စဟန်းက ပရောပရည်လုပ်လာသဖြင့် လိင်ဆက်ဆံမှု စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါအမှုကို အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိ တရားရုံးချုပ်၌ နိုဝင်ဘာ ၅ ရက်မှ စ၍ ကြားနာစစ်ဆေးနေခြင်းဖြစ်သည်။

Most Read

Most Recent