■ လူငယ်အသင်းများကို နည်းပြနိုင်ဖွယ်ရှိသည်ဟု ဟာဇက် ပြောကြား     

■ လူငယ်အသင်းများကို နည်းပြနိုင်ဖွယ်ရှိသည်ဟု ဟာဇက် ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 22 March 2024

ချယ်လ်ဆီးနှင့် ရီးယဲလ်အသင်းတို့၏ ကစားသမားဟောင်း ဟာဇက်က လူငယ်အသင်းများကို နည်းပြနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်မှာပင် ကစားသမားဘဝမှ အနားယူခဲ့သည့် ဟာဇက်ကို နည်းပြအဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရရာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟာဇက်က "ကျွန်တော် ပရော်ဖက်ရှင်နယ်နည်းပြ ဖြစ်လာမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ လူငယ်အသင်းတွေကို နည်းပြနိုင်မယ်လို့တော့ ထင်ပါတယ်။ ကျွန်တော့်မှာ ကလေးတွေလည်းရှိနေပြီး သူတို့ကို ဘောလုံး ဘယ်လိုကစားရသလဲဆိုတာ သင်ပေးချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent