ဗန်ဒိုက်၏ဦးဆောင်မှုကို အာနိုးလ် ချီးကျူး

ဗန်ဒိုက်၏ဦးဆောင်မှုကို အာနိုးလ် ချီးကျူး
Photo: Liverpool
Photo: Liverpool
Published 4 April 2024

လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အသင်းခေါင်းဆောင် ဗန်ဒိုက်၏ ဦးဆောင်မှုကို ချီးကျူးခဲ့သည်။

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဟု ကလော့ပ် ပြောကြားချိန်တွင် ဗန်ဒိုက်၏ဦးဆောင်မှုနှင့် ပတ်သက်ပြီး အာနိုးလ်က ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။

အာနိုးလ်က ''ကလော့ပ် ထွက်ခွာမယ်လို့ ပြောချိန်မှာ ဗန်ဒိုက်က အဲဒီသတင်းကြောင့် ငါတို့တွေ စိတ်ပျက်နေလို့ မဖြစ်ဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်။ ပြီးတော့ အသင်းအတွက် အောင်မြင်မှုတွေအများကြီး ယူပေးခဲ့တဲ့ ကလော့ပ်ကို အကောင်းဆုံးနှုတ်ဆက်နိုင်ဖို့အတွက် ကြိုးစားကြဖို့လည်း တိုက်တွန်းခဲ့တာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent