အေဂျက်စ်အသင်းနှင့် ဂရေဟမ်ပေါ်တာ ဆွေးနွေးနေ

အေဂျက်စ်အသင်းနှင့် ဂရေဟမ်ပေါ်တာ ဆွေးနွေးနေ
Photo: Getty Images
Photo: Getty Images
Published 11 April 2024

ချယ်လ်ဆီးအသင်းနည်းပြဟောင်းဖြစ်သူ ဂရေဟမ်ပေါ်တာသည် ဒတ်ချ် ထိပ်သီးကလပ် အေဂျက်စ်အသင်းနှင့် ဆွေးနွေးလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဂရေဟမ်ပေါ်တာအနေဖြင့် ဒတ်ချ်လိဂ်၌ ရုန်းကန်နေရသည့် အေဂျက်စ်အသင်းနှင့် ဆွေးနွေးနေသော်လည်း အပူတပြင်းကိုင်တွယ်ရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း သိရသည်။

ဂရေဟမ်ပေါ်တာသည် သူ၏ အလုပ်သစ်အတွက် အချိန်ယူစဉ်းစားဖွယ်ရှိသည်ဟု BBC Sports က ရေးသားခဲ့သည်။ ဂရေဟမ်ပေါ်တာသည် ၂၀၂၃ ခုနှစ် ဧပြီလက ချယ်လ်ဆီးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခြင်းဖြစ်သည်။

ဆွမ်ဆီးနှင့် ဘရိုက်တန်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဂရေဟမ်ပေါ်တာအနေဖြင့် နွေရာသီတွင် မန်ယူနည်းပြ ဖြစ်လာနိုင်သူများစာရင်းတွင်လည်း ပါဝင်လျက်ရှိသည်။

Most Read

Most Recent