ဗင်နီစီယပ်စ်အား ကလေးငယ်တစ်ဦးက လူမျိုးရေးခွဲခြားနေသည့် ဗီဒီယိုဖိုင်ကို လာလီဂါ စစ်ဆေး

ဗင်နီစီယပ်စ်အား ကလေးငယ်တစ်ဦးက လူမျိုးရေးခွဲခြားနေသည့် ဗီဒီယိုဖိုင်ကို လာလီဂါ စစ်ဆေး
Photo: Getty Images
Photo: Getty Images
Published 4 March 2024

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာအား ကလေးငယ်တစ်ဦးက လူမျိုးရေးခွဲခြားမှုပြုလုပ်နေသည့် ဗီဒီယိုဖိုင်ကို လာလီဂါပြိုင်ပွဲက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မတ် ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဗလင်စီယာ (၂-၂) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးကို ဗင်နီစီယပ်စ်က သွင်းယူပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလအတွင်း ဗလင်စီယာအသင်း၏ကွင်း၌ ကစားသည့်ပွဲတွင် လူမျိုးရေးခွဲခြားမှုဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်ယှဉ်ပြိုင်ရသည့်ပွဲတွင် အလားတူဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ဖွယ်ရှိနေခြင်းဖြစ်သည်။

လူမှုမီဒီယာ၌ထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်တွင် ကလေးငယ်တစ်ဦးက ဗင်နီစီယပ်စ်အား '' မျောက်'' ဟု ခေါ်၍ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ဖွယ်ရှိသည့်  ဖြစ်ရပ်ကို လာလီဂါပြိုင်ပွဲက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း The Athletic အားကစားသတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

အဆိုပါဗီဒီယိုကို အမျိုးသမီးတစ်ဦးက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပွဲကစားနေစဉ်မှာပင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီက လူမျိုးရေးခွဲခြားမှု ဖြစ်စဉ်တွင် လူသုံးဦးဖမ်းဆီးခံရပြီး ဗလင်စီယာအသင်းမှာ ကွင်းအစိတ်အပိုင်းတစ်ခု ငါးပွဲပိတ်ပင်သည့်ပြစ်ဒဏ် (အယူခံဝင်ပြီးနောက် သုံးပွဲသို့လျှော့ချပေး) နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရသည်။

ဗင်နီစီယပ်စ်သည် လာလီဂါပြိုင်ပွဲတွင် ပြိုင်ဘက်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှု အကြိမ်ကြိမ်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ၁၈ လအတွင်း လူမျိုးရေးခွဲခြားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရသည်။

Most Read

Most Recent