နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် အာဆင်နယ်နှင့် စပါးအသင်း အပြိုင်စိတ်ဝင်စားနေ

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် အာဆင်နယ်နှင့် စပါးအသင်း အပြိုင်စိတ်ဝင်စားနေ
Photo: Getty Images
Photo: Getty Images
Published 4 April 2024

လန်ဒန်မြို့ခံပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် စပါးအသင်းတို့သည် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

နယူးကာဆယ်အသင်းသည် လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်မရပါက UEFA နှင့် ပရီးမီးယားလိဂ်တို့၏ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကိုက်ညီရန်အတွက် အသင်းရှိ နာမည်ကျော်ကစားသမားများအား ရောင်းထုတ်ရဖွယ်ရှိနေကြောင်း The Sun က ဖော်ပြခဲ့သည်။

အသက်(၂၄) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်သည် ၂၀၂၂ ခုနှစ်ကမှ ဆိုစီဒက်အသင်းမှ နယူးကာဆယ်အသင်းထံသို့ ပေါင် (၆၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

အီဆက်ခ်သည် နယူးကာဆယ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၁၉) ဂိုးသွင်းယူထားသည်။

အီဆက်ခ်ကိုယ်တိုင်က မိမိအနေဖြင့် နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေသော်လည်း အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မသိရှိကြောင်း ဝန်ခံထားသည်။

အာဆင်နယ်နှင့် စပါးအသင်းတို့သည် နယူးကာဆယ်အသင်း၏ အခြေအနေကို စောင့်ကြည့်နေပြီး လာမည့်နွေရာသီတွင် အီဆက်ခ်ကို ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် အီဆက်ခ်အတွက် ပေါင် သန်း(၁၀၀) အလိုရှိနေကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။ 

Most Read

Most Recent