စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူအချို့ သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်များစွာတင်၍ ရောင်းချမှုများရှိနေပြီး အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူမည်

စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူအချို့ သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်များစွာတင်၍ ရောင်းချမှုများရှိနေပြီး အရေးကြီးကုန်စည်ဥပဒေဖြင့် အရေးယူမည်
Published 8 May 2024

စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူအချို့ သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်များစွာ တင်၍ ရောင်းချမှုများရှိနေပြီး အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စား သုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းရှိ မြို့နယ်အချို့တွင် စားအုန်း ဆီဖြန့်ဖြူးရောင်းချသူအချို့သည် သတ်မှတ် ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိ ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထုတ် ပြန်သည်။

ယင်းကြောင့် ပြည်တွင်းစျေးကွက်အ တွင်း စားအုန်းဆီများကို ၀ိသမလောဘဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါ အဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ် ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်သည်ဟု စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စားအုန်းဆီကို သယ်ယူပို့ဆောင် စရိတ်နှင့် အမြတ်နှစ်-ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရန်နှင့် အခြားဆီများ ရောနှော ရောင်းချခြင်းမပြုရန် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်အသင်းကလည်း ထုတ်ပြန်သည်။

လက်ရှိစျေးကွက်အတွင်း ရန်ကုန်တိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူ အချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်း စျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူ စရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မား စွာ ထပ်ဆောင်းရောင်းချမှုများ ရှိနေသည်ကို  သိရှိရသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့်  ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စား အုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် နှစ်-ရာခိုင်နှုန်းသာ ထပ်ဆောင်း ရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အ ခြားဆီများနှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ သည်။

ထို့ပြင် စက်မှုလုပ်ငန်းသုံးအတွက် ဝယ် ယူတင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများတွင်သာ အမှန်တကယ် သုံးစွဲကြရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချ ခြင်းမပြုလုပ်ရန် အလေးအနက်ထား တိုက် တွန်းအသိပေးကြောင်း ဆီလုပ်ငန်းရှင်များအ သင်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းအနေဖြင့် ပြည်တွင်းစားသုံး ဆီ ဖူလုံစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ် သော စားသုံးဆီများ တင်သွင်းနိုင်ရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအ ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု အသင်းက ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်တွင် စားအုန်းဆီရည်ညွှန်း စျေး တစ်ပိဿာ ၅၂၂၀ ကျပ်သတ်မှတ်ထား ပြီး ယခင်တစ်ပတ်ရည်ညွှန်းစျေးဖြင့် အ ပြောင်းအလဲမရှိ သတ်မှတ်ထားသည်ကို တွေ့ ရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ် မှုများအရ မေ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန် အထိုင်စျေး အခြေခံလက်ကား ရည်ညွှန်းစျေး နှုန်းသည် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထား သည်။

Most Read

Most Recent