ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ၊ ညောင်ဦး၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ မင်းဘူး၊ မကွေး၊အောင်လံနှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီအထိ နေ့အပူချိန်များ မြင့်တက်ခဲ့

ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ၊ ညောင်ဦး၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ မင်းဘူး၊ မကွေး၊အောင်လံနှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီအထိ နေ့အပူချိန်များ မြင့်တက်ခဲ့
Published 6 April 2024

ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ၊ ညောင်ဦး၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မင်းဘူး၊ မကွေး၊ အောင်လံနှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီအထိ ဧပြီ ၅ ရက်က နေ့အပူချိန်များ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဧပြီ ၅ ရက်က ကချင်ပြည်နယ်တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ကြောင်း၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

နေ့အပူချိန်များမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီနှင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ပြည်မြို့တို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်စီတို့ဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မချမ်းဘောမြို့တွင် သုည ဒသမ ၄၀ လက်မနှင့် ပူတာအိုမြို့တွင် သုည ဒသမ ၃၂ လက်မတို့ဖြစ်ကြကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် ဧပြီ ၅ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့်ရှိနိုင်ကြောင်း၊ လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးနေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent