ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ရောက်လာပြီဟု အာတီတာ ကြုံးဝါး

ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ရောက်လာပြီဟု အာတီတာ ကြုံးဝါး
Photo : Getty Images
Photo : Getty Images
Published 14 March 2024

အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းနှင့် နှစ်ကျော့ပေါင်း (၁-၁) သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၄-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် (၁၄) နှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) အပြီးတွင် ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။

ထို့ကြောင့် အာတီတာက "ကျွန်တော်တို့ လိုချင်တဲ့ နေရာကို ရောက်နေပါပြီ။ ဒီအခြေအနေမျိုးရောက်အောင် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပြီး အများကြီး ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ အားပေးမှုတွေ ရရှိခဲ့သလို၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အနေနဲ့ လိုချင်တဲ့အဆင့်တစ်ခုကို ရောက်နေပါပြီ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် အာတီတာက မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သာမက ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ပါ ချန်ပီယံဆုများကို ရယူနိုင်ရန်အတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent