■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

အူန်ယွန်းဘာလင် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)

နောက်ဆုံး(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ (၂)သင်း တွေ့ဆုံကြတာပါ။ ၀ါဒါဘရီမင်အသင်း အဝေးကွင်းမှာ မရှုံးနိုင်ဘူး။



ဝုလ်ဖ်ဘတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း အမှတ်ပေးပွဲ နောက်ဆုံး(၁၀)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ အော့စ်ဘတ် အမှတ်မျှော်လင့်လို့ ရတယ်။



မိန့်ဇ် - ဘိုဟုမ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)

မိန့်ဇ်အသင်းက ဒီရာသီအိမ်ကွင်း(၁၂)ပွဲမှာ (၂)ပွဲပဲ အနိုင် ရခဲ့ပါတယ်။ အဝေးကွင်းမှာ ဘိုဟုမ်အသင်း အမှတ်ခွဲယူနိုင်စွမ်း ရှိပါတယ်။



ဟိုင်းဟိုင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်က အဝေးကွင်း(၉)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဟိုင်းဟိုင်လည်း ရလဒ်ကျလာလို့ မိုချန် အမှတ်တော့ ရမှာပါ။



ဒမ်းစတက်ဒ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၉:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်း အဝေးကွင်း(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒမ်းစတက်ဒ်ကလည်း အိမ်ကွင်းနောက်ဆုံး(၁၀)ပွဲဆက် နိုင်ပွဲပျောက်ပြီး (၈)ပွဲအထိ အရေးနိမ့်ခဲ့တယ်။ ဘိုင်ယန် (၃)ဂိုးပြတ်ဖို့တော့ ခက်မယ်။



ဟော်ဖန်ဟင်မ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၂:၀၀ နာရီ)

စတုဂတ်အသင်းက အမှတ်ပေးပွဲ နောက်ဆုံး(၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ ဟော်ဖန်ဟင်မ်ကလည်း အိမ်ကွင်းတုံ့ပြန်ပုံကောင်းလို့ အမှတ်ရနိုင်တယ်။

Most Read

Most Recent