■ အီတလီနှင့် စပိန် နောက်တစ်ဆင့်တက်မည်ဟု မိုရာတာ ခန့်မှန်း

■ အီတလီနှင့် စပိန် နောက်တစ်ဆင့်တက်မည်ဟု မိုရာတာ ခန့်မှန်း
Photo: Getty Images
Photo: Getty Images
Published 22 March 2024

စပိန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူး မိုရာတာက ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အီတလီနှင့် စပိန်တို့ နောက်တစ်ဆင့်တက်မည်ဟု ခန့်မှန်းခဲ့သည်။ 

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်နှင့် အီတလီအသင်းသည် ခရိုအေးရှား၊ အယ်လ်ဘေးနီးယားတို့နှင့်အတူ အုုပ်စုကျပ်အတွင်း ကျရောက်နေ သည်။ 

သို့သော် မိုရာတာက မိမိတို့စပိန်အသင်းသည် အီတလီအသင်းနှင့်အတူ နောက်တစ်ဆင့်တက်ရောက်မည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ 

"အီတလီနဲ့ စပိန် နောက်တစ်ဆင့်တက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီအုပ်စုက ခက်ခဲတဲ့အုပ်စုပါ။ အသင်းတွေကြား ခြားနားမှုနည်းနည်းပဲ ရှိပါတယ်"ဟု မိုရာတာက ဆိုခဲ့သည်။

Most Read

Most Recent