နှစ်ဝါတစ်နီဖြင့် ဟာဗက်ဇ် ထုတ်ပယ်ခံရသင့်သည်ဟု သောမတ်စ်ဖရန့်ခ် ဆို

နှစ်ဝါတစ်နီဖြင့် ဟာဗက်ဇ် ထုတ်ပယ်ခံရသင့်သည်ဟု သောမတ်စ်ဖရန့်ခ် ဆို
Photo: Getty Images
Photo: Getty Images
Published 11 March 2024

ဘရန့်ဖို့ဒ်အသင်း၏နည်းပြ သောမတ်စ်ဖရန့်ခ်က အာဆင်နယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ၎င်းတို့အား ဂိုးမသွင်းယူမီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသင့်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ဟာဗက်ဇ်သည် ပထမပိုင်းတွင် အဝါကတ်တစ်ကြိမ် ပြသခံထားရပြီး ပွဲချိန်(၆၅)မိနစ်၌ ဟန်ဆောင်လှဲချခဲ့ခြင်းအတွက် ဒုတိယအဝါကတ် ပြသခံရသင့်ကြောင်း သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဟာဗက်ဇ်က ဂိုးသွင်းတဲ့ အချိန် ကွင်းထဲမှာ ရှိမနေသင့်တော့ပါဘူး။ ဒါဟာ ရှင်းလင်းတဲ့ ဒိုင်ဗင်ပါပဲ။ ကွင်းလယ်ဒိုင်က မြင်တွေ့ရဖို့ ခက်နိုင်ပေမဲ့ စည်းကြပ်ဒိုင်ကတော့ ဒါကို မြင်တွေ့သင့်ပါတယ်''ဟု သောမတ်စ်ဖရန့်ခ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent