■  လာလီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 

■  လာလီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

ဘာစီလိုနာ - မာယော့ကာ (မြန်မာစံတော်ချိန် မတ်လ ၉ ရက် နံနက် ၂:၃၀ နာရီ)



ဘာစီလိုနာကတော့ ကြားရက်ချန်ပီယံလိဂ်မှာ နာပိုလီနဲ့ ကွာတားတက်ရောက်ရေးအဆုံးအဖြတ်ပွဲစဉ်နွှဲရဖို့ရှိနေလို့ အခု မာယော့ကာနဲ့ပွဲကို စောစောစီးစီးပဲကစားမှာဖြစ်တယ်။ ဘာစီလိုနာရဲ့ ဒဏ်ရာပြဿနာတွေကလည်း မဆုံးနိုင်အောင်ပါပဲ။ အခုလည်း အဓိကကွင်းလယ်လူတွေဖြစ်တဲ့ ဖရန်ကီဒီယွန်းနဲ့ ပတ်ဒရီတို့ (၂)ဦးစလုံး ဒဏ်ရာထပ်ရသွားကြပြန်လို့ အရေးကြီးပွဲတွေ ကစားရမယ့်အချိန်မှာ ဘာစီလိုနာရဲ့ကွင်းလယ်ပိုင်းကို အတော်လေးအားနည်းသွားစေသလိုဖြစ်နေတယ်။ အခုရင်ဆိုင်ရမယ့် မာယော့ကာကလည်း ကစားပုံမာပြီး ခုတလော ကစားအားလည်း ကောင်းနေတယ်။ အထူးသဖြင့် ခံစစ်ပိုင်းကျစ်လျစ်မာကျောလာတာတွေ့ရလို့ ကွင်းလယ်ဖန်တီးနိုင်သူတွေ လျော့နေတဲ့ ဘာစီလိုနာအတွက် မလွယ်ကူပါဘူး။ ဘာစီလိုနာ ကပ်အနိုင်ရဖို့ပဲရှိပြီး သရေကိုပါ ထည့်တွက်ထားရတော့မယ်။

 

Most Read

Most Recent