ပြည်ထောင်စုဝန်ကြီးများနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ သီးခြားစီတွေ့ဆုံ၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ သီးခြားစီတွေ့ဆုံ၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး
Published 11 May 2024

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ မေ ၁၀ ရက်တွင် နေပြည်တော်၌ သီးခြားစီ တွေ့ ဆုံ၍ ကဏ္ဍအလိုက်တွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး  H.E. Mr. Abhay Thakur ကို မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ကြောင်း သိရသည်။  

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိ ယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုး မြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ တပ် မတော်နှစ်ရပ်အကြား သင်တန်းနှင့် လေ့ကျင့် ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန် ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအ မတ်ကြီးအား  မေ ၁၀ ရက် နံနက်ပိုင်းတွင်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်တွင်ဆောင်ရွက်မည့် လုပ်ငန်းဆိုင် ရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား မေ ၁၀ ရက် မွန်းလွဲပိုင်းတွင်  အဆို ပါ ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဆက်ဆံ ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီးအား မေ ၁၀ ရက်တွင်  စီ မံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ဘဏ်နှင့် ငွေရေး ကြေးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန် သွယ်မှုနှင့်စပ်လျဉ်း၍ ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အာမခံဆိုင် ရာ သင်တန်းများ ပံ့ပိုးပေးနိုင်မှုဆိုင်ရာ ကိစ္စ ရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖ လှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent