အိုဆင်မန်အား ခေါ်ယူရန် PSG အသင်း အသင့်ရှိ

အိုဆင်မန်အား ခေါ်ယူရန် PSG အသင်း အသင့်ရှိ
Photo: X
Photo: X
Published 4 April 2024

PSG အသင်းသည် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရှိရသည်။

အိုဆင်မန် (၂၅ နှစ်)သည် ပြီးခဲ့သည့်ရာသီက နာပိုလီအသင်းကို စီးရီးအေချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းများ၏စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

PSG အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် အိုဆင်မန်ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် အိုဆင်မန်အား စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀) ပေးချေရန်အသင့်ရှိနေကြောင်းလည်း သတင်းထွက်ပေါ်နေသည်။ 

Most Read

Most Recent