ချစ်ခြင်းမေတ္တာရဲ့အစွန်းထွက်ခံစားချက်

ချစ်ခြင်းမေတ္တာရဲ့အစွန်းထွက်ခံစားချက်
Photo : Getty Images
Photo : Getty Images
Published 29 April 2024
AK

ယာဂန်ကလော့ပ်ရဲ့နှုတ်ဆက်ရာသီ၊ ဖလားလေးလုံး၊ အန်ဖီးလ်ကအလွမ်းတိမ်တိုက်တွေ၊ အဲဒီလိုစကားလုံးတွေနဲ့ လီဗာပူးလ်ရပ်ဝန်းဟာ အကြည်ဓာတ်လေး ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ လီဗာပူးလ်ဟာ လေလွင့်သူဖြစ်သွားတယ်။ နာကျင်စရာလမ်းမထက် မူးလဲနေခဲ့တယ်။ အဲဒီလိုစိတ်ပျက်စရာကံကြမ္မာအခင်းအကျင်းမျိုးမှာ ဆာလာနဲ့ ကလော့ပ် ထိကြငြိကြတာ ဒုက္ခဟာအပေါင်းအသင်းနဲ့လာတယ်ဆိုတဲ့စကားအတွက် သက်သေပါပဲ။ တကယ်ပါပဲ၊ ဒုက္ခဟာ အပေါင်းအသင်းနဲ့လာပါတယ်။ ဆာလာက လီဗာပူးလ်ခေတ်သစ်ရဲ့အထူးချွန်ဆုံးသူရဲကောင်း၊ ယာဂန်ကလော့ပ်က လီဗာပူးလ် (၂.ဝ)ကိုထက် မြက်စွာဖန်ဆင်းပေးခဲ့သူ၊ သူတို့နှစ်ဦးစလုံးဟာ လီဗာပူးလ်ရဲ့ဘယ်တော့မှမမေ့အပ်တဲ့ ဂန္ထဝင်တွေပါပဲ။

 

Most Read

Most Recent