စီးရီးအေ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

စီးရီးအေ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 March 2024

 

■ ဂျူဗင်တပ်စ် - ဂျီနိုအာ (မြန်မာစံတော်ချိန် ညနေ ၆းဝ၀)

ဂျူဗင်တပ်စ်ရဲ့ လက်ရှိခြေစွမ်းက တည်ငြိမ်ဖို့ ရုန်းကန်နေရဆဲပဲ။ နောက်ဆုံးပွဲမှာ အတ္တလန်တာကို အနိုင်ရသင့်ပေမဲ့ ခံစစ်အားနည်းချက်တွေကြောင့် သရေနဲ့သာကျေနပ်ခဲ့ရတယ်။ ဂျီနို အာကလည်း အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ရမှတ်လေလွင့်မှုတွေများလာတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဂျူဗင်တပ်စ် နိုင်ပွဲပြန်ရဖို့များပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

■ ဗီရိုနာ - အေစီမီလန် (မြန်မာစံတော်ချိန် ည ၈း၃၀)

အေစီမီလန်က ဗီရိုနာနဲ့တွေ့ဆုံတဲ့ နောက်ပိုင်းပွဲတွေဆိုရင် ရလဒ်ပိုင်းသိသိသာသာအသာရခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဥရောပပြိုင်ပွဲကစားထားရတာကြောင့် အေစီမီလန်အသင်း ပွဲပန်းနေနိုင်တာကိုတော့ သတိပြုရမှာဖြစ်ပြီး ဒီပွဲမှာလည်း လီယာအို၊ ပူလီဆစ်တို့လို အဓိက ကစားသမားတွေ ပွဲထွက်လာပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်။ ဗီရိုနာက စီးရီးအေနောက်ဆုံး (၂)ပွဲဆက် အနိုင်ရထားပြီး ဒီပွဲမှာလည်း အေစီမီလန်ကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ဖို့ ကြိုးစားဦးမှာပါ။ ဗီရိုနာနဲ့ စွန့်စားသင့်တယ်။

■ အေစီမီလန်အသင်းသည် ဗီရိုနာနှင့်တွေ့ဆုံသည့် စီးရီးအေနောက် ဆုံး (၆)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၂)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် ပွဲမှာလည်း (၅)ပွဲအထိရှိခဲ့သည်။

■ အတ္တလန်တာ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ည ၁၁း၃၀)

အတ္တလန်တာက နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ဂိုးတွေလည်း တောက်လျှောက်ပေးခဲ့ရတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အတ္တလန်တာအသင်းဟာ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ဒီရလဒ်တွေက သူတို့အတွက် အရမ်းဆိုးရွားနေ တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဖီအိုရင်တီးနားကလည်း ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ ဒါပေမဲ့ ဒီပွဲတော့ အတ္တလန်တာကို ကြိုက်တယ်။

■ ရိုးမား - ဆာဆူအိုလို (မြန်မာစံတော်ချိန် ည ၁၁း၃၀)

ရိုးမားက ဖီအိုရင်တီးနားနဲ့ပွဲမှာ ခက်ခက်ခဲခဲ တစ်မှတ်ရယူခဲ့ရတယ်။ ဒါပေမဲ့ ရိုးမားရဲ့ ကွင်းတွင်းခြေစွမ်းကတော့ အားရစရာကောင်းဆဲပါပဲ။ ဆာဆူအိုလိုကတော့ နိုင်ပွဲပြန်တွေ့ခဲ့ပြီဖြစ်ပေမဲ့ အရမ်းယုံကြည်လို့ရတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ ရိုး မား ဂိုးပြတ်နိုင်လိမ့်မယ်။

■ အင်တာမီလန် - နာပိုလီ (မြန်မာစံတော်ချိန် နံနက် ၂း၁၅)

ဒီရာသီမှာ (၂)သင်းအကြားကွာဟချက်က အတော်လေးကို ကြီးမားခဲ့ပါပြီ။ အင်တာမီလန်က အိမ်ကွင်း၊  အဝေးကွင်းမရွေးနိုင်ပွဲဆက်နေပြီး ဒီပွဲမှာ လော်တာရိုမာတီနက်ဇ်ပြန်လည်ပါဝင်လာဖို့လည်း ရှိနေတယ်။ နာပိုလီကိုတော့ တည်ငြိမ်မှုကင်းမဲ့နေဆဲဖြစ်တယ်လို့ ဆိုရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ တိုရီနိုနဲ့ပွဲမှာလည်း သရေ(၁)မှတ်ပဲ ရရှိခဲ့တယ်။ ဒီပွဲက အင်တာမီလန်ရဲ့ တိုက်စစ်လုပ်အားနှုန်းကို အဓိကစောင့်ကြည့်ရမှာဖြစ်ပြီး နာပိုလီအသင်းအနေနဲ့ တောင့်ခံနိုင်ဖို့လည်း မရှိပါဘူး။ အင်တာမီလန်အနိုင်သေချာတယ်။

■ အင်တာမီလန်အသင်းသည် စီးရီးအေနောက်ဆုံး (၁၀)ပွဲဆက် အနိုင်ရရှိခဲ့ပြီး Clean Sheet (၆)ပွဲရရှိခဲ့သည်။

■ နာပိုလီအသင်း၏ စီးရီးအေအဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

Most Read

Most Recent