လိုင်လီနောက်ခံလူ လီနိုင်းယိုရိုကို PSG၊ ရီးယဲလ်နှင့် ချယ်လ်ဆီးတို့ စိတ်ဝင်စား

လိုင်လီနောက်ခံလူ လီနိုင်းယိုရိုကို PSG၊ ရီးယဲလ်နှင့် ချယ်လ်ဆီးတို့ စိတ်ဝင်စား
Photo: Paris Galaxy
Photo: Paris Galaxy
Published 18 March 2024

လိုင်လီအသင်းမှ ဆယ်ကျော်သက်နောက်ခံလူ လီနိုင်းယိုရိုကို ခေါ်ယူရန် PSG၊ ရီးယဲလ်နှင့် ချယ်လ်ဆီးအသင်းတို့ စိတ်ဝင်စားနေကြောင်း သိရသည်။

ပြင်သစ်နောက်ခံလူ ယိုရို(၁၈ နှစ်)သည် ၂၀၂၂ ခုနှစ်ကမှ လိုင်လီအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်သော်လည်း ယခုရာသီတွင် အသင်း၏ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသည်။

ထို့ကြောင့် ပြင်သစ်ယူ-၂၁ ကစားသမား ယိုရိုကို ဥရောပထိပ်သီးကလပ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

လိုင်လီအသင်းက ၎င်း၏တန်ဖိုးကို ယူရိုသန်း(၆၀)ဟု သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent