(၁၀)ပွဲအလို . . . ချန်ပီယံဘယ်သူဖြစ်မလဲ

(၁၀)ပွဲအလို . . . ချန်ပီယံဘယ်သူဖြစ်မလဲ
Photo: X
Photo: X
Published 20 March 2024
Al Nino

ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ (၁၀)ပွဲသာ လိုတော့တဲ့အချိန်မှာ ချန်ပီယံဆု အားပြိုင်မှုက သက်ဆိုင်ရာ အသင်းတွေအတွက် သာမက တခြားဘောလုံး ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာ ဖြစ်စေခဲ့တာပါ။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ထိပ်ဆုံး (၃)သင်းအကြား၊ (၂၈)ပွဲ ကစားပြီးချိန်မှာ ရမှတ်တစ်မှတ်ပဲ ကွာဟတဲ့ ပထမဆုံးရာသီ ဖြစ်လာခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဇယားထိပ်ဆုံးက အာဆင်နယ်က (၆၄)မှတ်၊ လီဗာပူးလ်က ဂိုးကွာခြားချက်ကြောင့် (၆၄)မှတ်ရထားပေမဲ့ ဒုတိယနေရာမှာ ရှိနေပြီး မန်စီးတီးက အပေါ် က နှစ်သင်းထက် (၁) မှတ်လျော့ (၆၃)မှတ်နဲ့ အဆင့် (၃)နေရာမှာ ရှိနေကြတယ်။ အာဆင်နယ်က ဒီ(၃)သင်းထဲမှာ လက်ရှိပုံစံအကောင်း ဆုံးအသင်းလို့ ယူဆနိုင်ပြီး နောက်ဆုံး (၅) ပွဲဆက် အနိုင်ရထားတယ်။ ဂိုးကွာခြားချက်မှာလည်း လီဗာပူးလ်ထက် (၇)ဂိုး၊ မန်စီးတီးထက် (၁၁)ဂိုး အသာရထားတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးအစိတ်အပိုင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းမှာ ထိပ်ဆုံးက အာဆင်နယ်က အဆင့် (၃)ချိတ်ပြီး လက်ရှိအဆင့် (၃) မန်စီးတီးက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရှိနေတာပဲ။

 

Most Read

Most Recent