ပြင်သစ်လီဂူး ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူး ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 March 2024

 

■ ဘရက်စ် - လိုင်လီ (မြန်မာစံတော်ချိန် ည ၆း၃၀)

ဘရက်စ်က နောက်ဆုံးပွဲမှာ လန်းစ်ကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားလုပ်လို့မရတော့ဘူးလို့တောင် ဆိုရမယ်။ လိုင်လီကတော့ အဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ လိုင်လီအမြင့်ဆုံးသရေပဲရမယ်။

■ မိုနာကို - လော်ရီယန့် (မြန်မာစံတော်ချိန် ည ၈း၃၀)

မိုနာကိုက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပေမဲ့ နောက်ဆုံး (၃)ပွဲမှာ (၇)မှတ်အထိရခဲ့တယ်။ လော်ရီယန့်ကလည်း တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကိုရောက်ဖို့ ဒီပွဲကို အသေချာပြင်ဆင်လာမှာပါ။ မိုနာကို ကပ်နိုင်ဖို့များတယ်။

■ ကလယ်မွန့် - လူအယ်ဗာ (မြန်မာစံတော်ချိန် ည ၈း၃၀)

ကလယ်မွန့်က အတော့်ကို ဆိုးရွားလွန်းပြီး တန်းပြန်ဆင်းရမယ့်အသင်းလို့တောင် ပြောလို့ရတယ်။ လူအယ်ဗာကိုကြိုက်တယ်။

■ Reims - မက်ဇ် (မြန်မာစံတော်ချိန် ည ၈း၃၀)

နောက်ဆုံး (၂)ပွဲဆက်နိုင်ခဲ့တဲ့ မက်ဇ်က ဒီပွဲအတွက်အသေအချာပြင်ဆင်လာလိမ့်မယ်။ Reims က အထက်မရောက် အောက်မရောက်အသင်းပါ။ မက်ဇ်ကို ရွေးချင်တယ်။

■ ရန်းစ် - မာဆေးလ် (မြန်မာစံတော်ချိန် ည ၁ဝး၃၅)

ရန်းစ်က အရမ်းအားကောင်းနေတာမျိုး မဟုတ်ပေမဲ့ မာကျောတဲ့ အသင်းတွေဆိုရင် ဒုက္ခပေးနိုင်တဲ့ အသင်းမျိုးဖြစ်တယ်။ မာဆေးလ်ကလည်း ပုံစံကောင်းပြနေတဲ့အသင်းပါ။ ဒါပေမဲ့ ယူရိုပါလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်တာကို သတိပြုရမယ်။ အိမ်ရှင် ရန်းစ်နဲ့ ရပ်တည်သင့်တယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်တယ်။

■ မောင့်ပယ်လီယာ - PSG (မြန်မာစံတော်ချိန် နံနက် ၂း၁၅)

မောင့်ပယ်လီယာက နိုင်တစ်ခါ ရှုံးတစ်လှည့်နဲ့ တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကိုရောက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ထိပ်သီးတွေကို ယှဉ်နို်င်တဲ့ အနေအထားမျိုးကိုတော့ သူတို့ဆီမှာ မတွေ့ရသေးဘူး။ PSG က နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ အနိုင်(၃)မှတ်အတွက် အသေအချာ ပြင်ဆင်လာလိမ့်မယ်။ ဒါ့အပြင် ဒီပွဲမှာ သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ ပြန်လည်ပွဲထွက်ပါဝင်လာနိုင်တာကြောင့်လည်း တိုက်စစ်က ပိုအားကောင်းလာလိမ့်မယ်။ အဝေးကွင်းဖြစ်ပေမဲ့ PSG အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့နိုင်မယ်။ (၀-၂)၊ (၁-၃)ရလဒ်တွေ ဖြစ်နိုင်တယ်။