လက်နက်တင်ပို့မှု ရပ်မည်ဟု ခြိမ်းခြောက်ခဲ့သော သမ္မတဂျိုးဘိုင်ဒင်၏ စကားကို အရေးမစိုက်ဘဲ အစ္စရေးက ရာဖာကို ထိုးစစ်ဆင်

လက်နက်တင်ပို့မှု ရပ်မည်ဟု ခြိမ်းခြောက်ခဲ့သော သမ္မတဂျိုးဘိုင်ဒင်၏ စကားကို အရေးမစိုက်ဘဲ အစ္စရေးက ရာဖာကို ထိုးစစ်ဆင်
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာဖာရှိအဆောက်အအုံတစ်လုံးမှ မီးခိုးများ ထွက်နေပုံကို မေ ၁၀ ရက်တွင်တွေ့ရစဉ်(Photo:AFP)
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ရာဖာရှိအဆောက်အအုံတစ်လုံးမှ မီးခိုးများ ထွက်နေပုံကို မေ ၁၀ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 11 May 2024

အစ္စရေးက တောင်ပိုင်းဂါဇာမြို့ ရာဖာကို စစ်ဆင်ရေးလုပ်မည်ဆိုပါက လက်နက်တင်ပို့မှုများကို ရပ်ဆိုင်းမည်ဟူသော သမ္မ တဂျိုးဘိုင်ဒင်၏ ခြိမ်းခြောက်မှုကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပယ်ချထားသောကြောင့် အစ္စရေးတပ်ဖွဲ့များသည် မေ ၉ ရက်တွင် ရာဖာ၏အရပ်ဒေသများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ပါလက်စတိုင်းဒေသခံများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ကိုင်ရိုမြို့၌ နောက်ဆုံးပြုလုပ်ခဲ့သော သွယ်ဝိုက်ဆွေးနွေးမှုများသည် ပြီးဆုံးသွားပြီဟု မေ ၉ ရက်ညပိုင်းတွင် အကြီးတန်း အစ္စရေးတာဝန်ရှိသူက ပြောကြားခဲ့ပြီး အစ္စရေးသည် ရာဖာနှင့်ဂါဇာကမ်းမြောင်၏ အခြားနေရာများကို စီစဉ်ထားသည့်အတိုင်း စစ်ဆင်ရေး ဆက်လုပ်သွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ တိုက်ရမယ်ဆိုရင် ကျွန်တော်တို့ဟာ အဆုံးထိတိုက်သွားမှာ ဖြစ်ပါတယ်”ဟု နေတန်ယာဟုက ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရာဖာ အရှေ့ဖျား ဆင်ခြေဖုံးများတွင် အစုလိုက်အပြုံလိုက်ရပ်ထားသော အစ္စရေး တင့်ကားများကို မိမိတို့၏တိုက်ခိုက်ရေးသ မားများက တင့်ကားဖျက်ဒုံးကျည်များ၊ မော်တာများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဂါဇာရှိ ဟားမာ့စ်နှင့် အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့တို့က ပြောကြားခဲ့သည်။

အစ္စရေး မြေပြင်တပ်ဖွဲ့များက ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးမြို့ပြဧရိယာဖြစ်သော ရာဖာကို စီးနင်းခြင်းမရှိသေးဟု ရာဖာ နယ်ခံများနှင့်ဆရာဝန်များက ပြောကြားခဲ့သည်။ သို့ရာတွင် ဘရာဇီးအရှေ့ပိုင်းရပ်ကွက်ရှိ ဗလီတစ်ခု၏အနီးကို အစ္စရေးတိုက် ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူသုံးဦးသေဆုံးသွားခဲ့ပြီး အခြားလူများဒဏ်ရာရခဲ့သည် ဟု ၎င်းတို့က ပြောကြားခဲ့သည်။

အစ္စရေးက ရာဖာရှိ ဆာဘရာရပ်ကွက်ရှိ အိမ်နှစ်အိမ်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အနည်းဆုံးလူ ၁၂ ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသွားသူများထဲတွင် အယ်လ်မူ ဂျာဟီဒင် တပ်မဟာ၏ တပ်မှူးကြီးနှင့်၎င်း၏ မိသားစုတို့သေဆုံးသွားခဲ့သည့်အပြင် အခြား အုပ်စုခေါင်းဆောင်၏ မိသားစုလည်းသေဆုံးသွားသည်ဟု ဆရာဝန်များ၊ ဆွေမျိုးများနှင့် သက်ဆိုင်ရာအုပ်စုတို့က ပြောကြားခဲ့သည်။

ဟားမာ့စ်စစ်သွေးကြွများသည် ရာဖာတွင် ပုန်းအောင်းနေသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ဟားမာ့စ်နှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အစ္စရေး၏အပြုအမူနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အပြင်းထန်ဆုံး သတိပေးလိုက်ပြီး လက်နက်လွှဲပြောင်းမှုများကို  ဖြတ်တောက်ပစ်မည်ဟု ပြောကြားခဲ့သည့်တိုင် အစ္စရေးသည် မေ ၉ ရက်တွင် ရာဖာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အစ္စရေးက ဂါဇာတောင်ပိုင်းမြို့ရာဖာကို မြေပြင်စစ်ဆင်ရေးလုပ်မည်ဆိုပါက အမေရိကန်က အစ္စရေးကို လက်နက်ပံ့ပိုးမှုများလုပ် တော့မည်မဟုတ်ဟု အမေရိကန်သမ္မတက ခြိမ်းခြောက်ခဲ့သည်။

လက်နက်များ ပံ့ပိုးမှုရပ်ဆိုင်းမည်ဟု အမေရိကန်က ခြိမ်းခြောက်ခဲ့ပြီးနောက် အစ္စရေးသည် ဂါဇာစစ်ပွဲတွင် တစ်ကိုယ်တည်း ရပ်တည်သွားရန် ပြင်ဆင်ထားသည်ဟု မေ ၉ ရက်တွင် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က တစ်ကိုယ်တည်းရပ်တည်ရမယ်ဆိုရင် ကျွန်တော်တို့ဘာသာ တစ်ကိုယ်တည်းရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် နေတန်ယာဟုက ဖော်ပြခဲ့သည်။

အစ္စရေးကို လက်နက်ထောက်ပံ့မှုများ ရပ်မည်ဟု ပြောဆိုခဲ့သည့် သမ္မတဂျိုးဘိုင်ဒင်ကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထ ရန့်က ဝေဖန်ခဲ့သည်။ ဂျိုးဘိုင်ဒင်သည် ဟားမာ့စ်ဘက်က ပါနေသည်ဟု ဒေါ်နယ်ထရန့်က ဝေဖန်ခဲ့သည်။ အစ္စရေးနှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်၏ သဘောထားသည် ဆိုးရွားသည်ဟု ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။    

                                                             

Most Read

Most Recent