ရဟတ်ယာဉ်ပျက်ကျရာတွင် သေဆုံးသွားခဲ့သော အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီ၏ ရုပ်အလောင်းကို  ၎င်း၏ဇာတိမြို့တွင် မြုပ်နှံခဲ့ရာ အီရန်ပြည်သူထောင်ပေါင်းများစွာ လာရောက်ခဲ့

ရဟတ်ယာဉ်ပျက်ကျရာတွင် သေဆုံးသွားခဲ့သော အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီ၏ ရုပ်အလောင်းကို  ၎င်း၏ဇာတိမြို့တွင် မြုပ်နှံခဲ့ရာ အီရန်ပြည်သူထောင်ပေါင်းများစွာ လာရောက်ခဲ့
မေ ၂၃ ရက်တွင် ဘာဂျန်းမြို့၌ ရိုင်ဆီအတွက်စျာပန အခမ်းအနားကျင်းပနေပုံကို တွေ့ရစဉ်(Photo: AFP)
မေ ၂၃ ရက်တွင် ဘာဂျန်းမြို့၌ ရိုင်ဆီအတွက်စျာပန အခမ်းအနားကျင်းပနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 24 May 2024

ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် သေဆုံးသွားခဲ့သည့် အီရန်သမ္မတအီဗရာဟင် ရိုင်ဆီကို မေ ၂၃ ရက်တွင် မြုပ်နှံလိုက်ပြီဟု အီရန်အစိုးရမီဒီယာက သတင်းဖော်ပြခဲ့သည်။

လူအများအပြားတက်ရောက်ခဲ့သည့် စျာပနအခမ်းအနားကို ရက်ချီပြုလုပ်ခဲ့ပြီးနောက် မေ ၂၃ ရက်တွင် သမ္မတကို မြုပ်နှံလိုက်ခြင်းဖြစ်သည်ဟု အီရန်အစိုးရမီဒီယာက ဆက်လက်ဖော်ပြခဲ့သည်။

တာဘရစ်၊ ကွမ်း၊ တီဟီရန်၊ ဘာဂျန်းမြို့တို့တွင် စျာပနအခမ်းအနားများပြုလုပ်ခဲ့ပြီးနောက် ရိုင်ဆီကို မြုပ်နှံခြင်းမပြုမီ ၎င်းကို နှုတ်ဆက်ရန် လူထောင်ပေါင်းများစွာသည် ၎င်း၏ဇာတိမြို့ဖြစ်သော မာ့ရှ်ဟက်သို့ ရောက်လာခဲ့ကြသည်။

အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အေမာအဗ္ဗ ဒူလာဟီရန်တို့ လိုက်ပါသွားသောရဟတ် ယာဉ်သည် မေ ၁၉ ရက်တွင် မြူများထူထပ်စွာကျဆင်းနေသော နယ်စပ် တောင်တန်းဒေသတွင်ပျက်သွားခဲ့ပြီးနောက် သမ္မတအပါဝင် ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသူအား လုံးသေဆုံးသွားခဲ့သည်။

အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ စီးနင်းလာသောအမေရိကန်လုပ် ရဟတ်ယာဉ်သည် မြူထူသော တောင်တန်းဒေသတွင် ပျက်ကျခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ် အပျက်ကို ရှာတွေ့ခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် မေ ၂၀ ရက် နံနက်လင်းအားကြီးအချိန်တွင် အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ရှိ ရဟတ်ယာဉ်အပျက်အစီးထံ ရောက်ရှိရေးအတွက် နှင်းမုန်တိုင်းနှင့်သွားလာရေးခက်ခဲသော မြေပြင် အနေအထားတို့ကို အန်တုခဲ့ကြရသည်။

မေ ၂၀ ရက်တွင်ကြေညာခဲ့သည့် ငါးရက်ကြာ အများအပြည်သူ ဝမ်းနည်းသည့်နေ့များကုန်ဆုံးသွားပြီးနောက် ယာယီသမ္မတ မိုဟာမက်မော့ခဘာအပါအဝင် အာဏာပိုင်များသည် သမ္မတအသစ်ရွေးကောက်ရေးအတွက် ဇွန် ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

အမျိုးသားများ၊တစ်ကိုယ်လုံးခြုံလွှမ်း ခြုံထားသောအနက်ရောင်ဝတ်စုံများနှင့်ပန်း များကိုင်ထားကြသောအမျိုးသမီးများသည် ရိုင်ဆီမွေးဖွားသည့် အီရန်အရှေ့မြောက်ပိုင်းရှိ ဒုတိယအကြီးဆုံးမြို့မာရှ်ဟက်၏ လမ်းမကြီးပေါ်တွင် ကြိတ်ကြိတ်တိုးနေသည်။

ရိုင်ဆီ၏အလောင်းကို တင်ထားသော ထရပ်ကားကြီးက များပြားလှသော အသုဘပို့ဆောင်သူများကြားမှ ဖြတ်သန်းမောင်းနှင်သွားစဉ် လူ့အချို့က ရိုင်ဆီကို စစ်မြေပြင်၏ အထူးချွန်ဆုံးလူသားဟုရေးထားသော ပိုစ တာငယ်များကို ကိုင်ထားကြသည်။

မာရှ်ဟက်မြို့၏လမ်းများတစ်လျှောက်တွင် ရိုင်ဆီပုံ ပိုစတာများ၊ အလံနက်များ၊ ရှီးယိုက် သင်္ကေတများကို အထူးသဖြင့် ရိုင်ဆီအားနောက်ဆုံးမြုပ်နှံမည့် အီမမ်ရီဇာ ဗိမာန်တစ်ဝိုက်တွင်ထောင်ထားသည်။ အဆိုပါဗိ မာန်သည် နှစ်စဉ်ဘုရားဖူး သန်းချီလာရောက် လာသောနေရာဖြစ်ကြောင်း သိရသည်။

စောစောပိုင်းတွင် အရှေ့ပိုင်းပြည်နယ် တောင်ခိုရာဆန်၏မြို့တော် ဘာဂျန်း၏လမ်း များပေါ်တွင်ရိုင်ဆီ၏အခေါင်းကို လှည့် လည်သည့်အခမ်းအနားပြုလုပ်သည့်အခါ  လူထောင်ပေါင်းများစွာသည် ရိုင်ဆီ၏ပုံများကို ကိုင်ထားကြပြီး အလံများ ဝှေ့ယမ်းခဲ့ကြသည်။ ရိုင်ဆီသည် ဘာသာရေးခေါင်းဆောင် ရွေးသည့် ပညာရှင်များအဖွဲ့တွင် တောင်ခိုရာဆန်၏ကိုယ်စားလှယ်ဖြစ်သည်။

Ref: AFP

Most Read

Most Recent