ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုရောက်မှ အနိုင်ရသော်လည်း ပြိုင်ပွဲမှထွက်ရမည်ဟု လုံးဝမခံစားခဲ့ရကြောင်း ဆောက်ဂိတ် ပြောကြား

ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုရောက်မှ အနိုင်ရသော်လည်း ပြိုင်ပွဲမှထွက်ရမည်ဟု လုံးဝမခံစားခဲ့ရကြောင်း ဆောက်ဂိတ် ပြောကြား
Photo: X
Photo: X
Published 2 July 2024

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယူရို-၂၀၂၄ ပြိုင်ပွဲ (၁၆)သင်းအဆင့်တွင် ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုရောက်မှ အနိုင်ရခဲ့သော်လည်း ပြိုင်ပွဲမှ ထွက်ရမည်ဟု လုံးဝမခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းအနေဖြင့် ယခုပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း အသင်းငယ် ဆလိုဗက်ကီးယား၏ ဦးဆောင်ဂိုး သွင်းယူမှုကြောင့် နောက်မှလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ပထမဆုံးရရှိသော ဂိုးပေါက် တည့်သည့် သွင်းယူမှုမှတစ်ဆင့် ဘယ်လင်ဟမ်၏ နောက်ပြန်ကန်ချက်သွင်းဂိုး၊ အချိန်ပိုတွင် ဟာရီကိန်း၏ ခေါင်းတိုက်သွင်းဂိုးကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းစွမ်းဆောင်ရည်အပေါ် လှောင်ပြောင်မှုများ ရှိနေသော်လည်း ဆောက်ဂိတ်က ပြိုင်ပွဲမှထွက်ရမည်ဟု လုံးဝမခံစားခဲ့ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီအခြေအနေက ထူးခြားပါတယ်။ ဒါပေမဲ့ ဒီညမှာ ကျွန်တော်တို့ရဲ့ပြိုင်ပွဲက အဆုံးသတ်သွားလိမ့်မယ်လို့ လုံးဝမခံစားခဲ့ရပါဘူး။ လက်ပစ်ဘောကို အဝေးက မြှောက်လိုက်ချိန်မှာ မျှော်လင့်ချက်ကို ခံစားမိတယ်။ ကျွန်တော်တို့အနေနဲ့ ဖရိုဖရဲဖြစ်မှု တချို့ကြောင့် တစ်စုံတစ်ခုလွတ်ကျသွားနိုင်တာမျိုး ဖြစ်ခဲ့တယ်။ အဲဒီလို အဆုံးသတ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ (၁၅) မိနစ်လောက်အလိုမှာ ဂျုဒ် (ဘယ်လင်ဟမ်)ကို လူစားလဲသင့်ပြီလို့ ထင်ခဲ့ကြလိမ့်မယ်။ ထိပ်တန်းကစားသမားတွေက သူတို့ ကိုလိုအပ်တဲ့အချိန်မှာ ပွဲကြီးတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်တယ်။ အဲဒီလိုစိတ်ဓာတ်မျိုး သူ့ဆီမှာရှိနေတယ်။ အဲဒါကြောင့် သူက အဲဒီအချိန်အထိ ကွင်းထဲမှာ ဆက်ရှိနေတာပါ'' ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

Most Read

Most Recent