■ စီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 10 May 2024

နာပိုလီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၀:၃၀ နာရီ)

နာပိုလီက ဘိုလော့ဂ်နာနဲ့ တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နာပိုလီရဲ့ လက်ရှိကွင်းတွင်းခြေစွမ်းပိုင်းကို ကြည့်ရင် တည်ငြိမ်မှုကင်းမဲ့နေပြီး စီးရီးအေနောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ အိုဆင်မန်ဂိုးပေါက်တွေ့နေပေမဲ့ နိုင်ပွဲပျောက်ဆုံးနေတာကတော့ နာပိုလီအတွက် စိတ်ပျက်စရာပါပဲ။ ဘိုလော့ဂ်နာကလည်း နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေ များလာတယ်။ ဒါ ပေမဲ့ ဒီပွဲမှာ ဘိုလော့ဂ်နာအသင်း အနည်းဆုံးသရေလောက်တော့ ရမယ်။



အေစီမီလန် - ကာဂလီယာရီ (မြန်မာစံတော်ချိန် မေလ ၁၂ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတယ်။ နောက်ပိုင်းပွဲတွေမှာ အေစီမီလန်ခံစစ်က ပေးဂိုးနှုန်းများလာတာကိုလည်း တွေ့ရတယ်။ ကာဂလီယာရီကတော့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပေမဲ့ အတ္တလန်တာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့လို အသင်းတွေဆီက ရမှတ်တွေ ရယူနိုင်ခဲ့တယ်။ ဒီပွဲလည်း မီလန်မှာ ကစားရမှာဖြစ်ပေမဲ့ ကာဂလီယာရီ အမှတ်မျှော်လင့်နိုင်တယ်။

 

Most Read

Most Recent