■ အန်နက်ဆရီနှင့် အကူညာကို ဝက်စ်ဟမ်းသို့ ခေါ်ယူရန် လိုပယ်တယ်ဟီ ချိန်ရွယ်     

■ အန်နက်ဆရီနှင့် အကူညာကို ဝက်စ်ဟမ်းသို့ ခေါ်ယူရန် လိုပယ်တယ်ဟီ ချိန်ရွယ်     
Published 10 May 2024

ဝက်စ်ဟမ်းအသင်း၏ နည်းပြသစ်အဖြစ် ဆောင်ရွက်ရန် သဘောတူညီမှုရရှိထားပြီဖြစ်သည့် စပိန်နည်းပြ လိုပယ်တယ်ဟီသည် အသင်းဟောင်း ဆီဗီလာမှ တိုက်စစ်မှူး အန်နက်ဆရီနှင့် နောက်ခံလူ အကူညာတို့ကို ဝက်စ်ဟမ်းအသင်းထံ ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ 

လိုပယ်တယ်ဟီနှင့် မော်ရိုကိုတိုက်စစ်မှူး အန်နက်ဆရီနှင့် အာဂျင်တီးနားနောက်ခံလူ အကူညာတို့ကို ခေါ်ယူရန် ဆက်သွယ်စုံစမ်းမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 

အန်နက်ဆရီသည် ဆီဗီလာအသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သော်လည်း အကူညာမှာမူ ယခုရာသီ၌ ပုံမှန်ပွဲ ကစားခွင့်မရကြောင်း သိရသည်။

Most Read

Most Recent