ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းနှင့် ကုန်သွယ်လမ်းပိတ်ထားဆဲ ဖြစ်ခြင်းကြောင့် နယ်စပ်ကုန်သည်အချို့ ကုန်သွယ်မှုရပ်ဆိုင်းနေရကြောင်း သိရ

ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခြင်းနှင့် ကုန်သွယ်လမ်းပိတ်ထားဆဲ ဖြစ်ခြင်းကြောင့် နယ်စပ်ကုန်သည်အချို့ ကုန်သွယ်မှုရပ်ဆိုင်းနေရကြောင်း သိရ
Published 20 May 2024

ကမ္ဘာ့ငွေကြေးစျေးကွက်တွင် ဒေါ်လာစျေးနှင့်အတူ ထိုင်းဘတ်ငွေစျေး မြင့်တက်လာခြင်းနှင့်ဒေါနတောင်ကျော်  အာရှလမ်းသစ်ပိတ်ထားဆဲဖြစ်ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သည်အချို့ ကုန်သွယ်မှုရပ်ဆိုင်းနေရကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်များထံမှ သိရသည်။

မြဝတီနယ်စပ်ကုန်သည် လုပ်ငန်းရှင်တစ်ဦးက "" အာရှလမ်းပိတ်ထားလို့ ကုန်သွယ်မှု ခက်ခဲနေချိန် ဘတ်စျေးကပါ မြင့်တက်လာတော့ ကုန်သည်လုပ်ငန်းရှင် အများအပြားလုပ်ငန်းရပ် ဆိုင်းပြီးစောင့်ကြည့်နေကြတယ်။အချို့ ကုန်သည်တွေကလည်း လူ့အသုံးအ​​ဆောင်၊စားသောက်ကုန်အနေနဲ့  မဝယ်မဖြစ်တဲ့ကုန်ပစ္စည်းတွေကိုတော့ ထို့ကော်ကိုးလမ်းကနေ မဖြစ်မနေ တင်သွင်းနေရတယ်။လတ်တလောမှာဒေါ်လာစျေး၊ဘတ်စျေးက ထင်မှတ်မထားလောက်အောင် မြင့်တက်လာ  အခက်ကြုံနေရပါတယ်"ဟုပြောသည်။

မြဝတီနယ်စပ်ငွေကြေးစျေးကွက်တွင် ယခင်နှစ်က ထိုင်းဘတ်ငွေစျေးမှာ မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ ဝန်းကျင် (ဘတ်၁၀၀=5000ကျပ်)ဘတ်ဝန်းကျင်ပေါက်စျေးရှိခုရာမှယခု၂၀၂၄ခုနှစ် မေလ ၂ဝရက်နေ့ တွင်  မြန်မာကျပ်ငွေ တစ်သိန်းလျှင် ဘတ် ၉ဝဝဘတ်။၉၁၀ ဘတ်လျှင်မြန်မာငွေကျပ်တစ်သိန်းဖြင့် ရောင်းဝယ်လျှက်ရှိသည်။

"ထိုင်းနိုင်ငံရဲ့ထုတ်ကုန်တွေက ယခင်ကဘတ်၅၀၀ တန်ပစ္စည်း ဆိုရင် ယခုလည်းဘတ် ၅၀၀ ပါပဲ။ယခင်လက ဘတ်၅ဝဝတန်တဲ့ကုန်ပစ္စည်းကို ကျပ်၂၅၀၀၀ နဲ့ဝယ်ယူခဲ့ရပေမဲ့ ခုပခါမှာတော့ ထိုင်းဘတ်ငွေစျေး တချိန်ထိုးမြင့်တက်လာတဲ့အတွက် ဘတ်၅၀၀ တန်ပစ္စည်းကို ကျပ် ၅၅၅၀၀ နဲ့ ဝယ်ယူရပါတယ်။ကုန်ပစ္စည်းတစ်ခုဝယ်တိုင်း ဘတ်ငွေနဲ့ဝယ်ရင် တန်ဘိုးမပြောင်းလဲပါဘူး၊မြန်မာငွေ ကိုဘတ်လဲပြီးဝယ်ယူရတဲ့အတွက် ယခင်နှစ်ကထက်စျေးနှစ်ဆကျော် မြင့်တက်သွားတာပါ"ဟု ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာကုန်သည်များအနေဖြင့် ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကျပ်ငွေကို ဘတ်ငွေလဲပြီးဝယ်ယူရသည့်အတွက် ဘတ်တစ်သိန်းဖို့ဝယ်ယူလျှင် ယခင်နှစ်က ကျပ် သိန်း ၅၀ သာ လဲရသော်လည်း ယခုနှစ် မေလတွင်ကျပ်သိန်းတစ်ရာကျော်နှင့်လဲရသည့်အတွက် ယခင်နှစ်ကထက် တစ်ဆကျော်ထိ မြင့်တက်သွားခဲ့သည်။

မြန်မာကျပ်ငွေ စျေးကျဆင်းလာခြင်းကြောင့် မြန်မာကျပ်ငွေလက်ဝယ်ရှိသူများအတွက် အရှုံးဖြင့်ရင်ဆိုင်နေရသလို ဘတ်ငွေလက်ဝယ်ရှိသူများလည်းအပျော်ကြီးပျော်နေကြကြောင်း မြဝတီမြို့မှငွေလဲ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

မြဝတီမြို့စျေးကွက်ရပ်ဝန်တွင် ထိုင်းနိုင်ငံဘက်မှ ဝယ်ယူရောင်းချလျှက်ရှိသော အခြေခံစားကုန် သား၊ငါး၊ပုဇွန် ဟင်းသီးဟင်းရွက်၊သစ်သီဝလံများလည်း စျေးမြင့်တက်လျှက်ရှိကာ စားသုံးမှုစျေးကွက်ကိုထိခိုက်လျက်ရှိကြောင်း ဘုရင့်နောင်စျေးအတွင်းမှ သိရသည်။

ထိုင်းဘတ်ငွေစျေး မြင့်တက်နေခြင်းကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် လုပ်ခလစာမြင့်တက်လာခြင်းမရှိသော်လည်း မိဘရပ်ထံ ပြန်ပို့ငွေ ပိုမိုမြင့်တက်လာကြောင်းလည်း ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက ပြောသည်။