■ လာလီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 
Published 26 April 2024

ဆိုစီဒက် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် နံနက် ၁:၃၀ နာရီ)



ရီးယဲလ်မက်ဒရစ်ကတော့ ဒီပွဲအပြီးကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဘက်ကိုပဲ အာရုံရောက်နေဖို့များတယ်။ လာလီဂါဘက်မှာ ချန်ပီယံဆုကလည်းသေချာသလောက်ဖြစ်နေပြီဆိုတော့ လာလီဂါမှာ အထိအခိုက်သိပ်မရှိအောင် ထိန်းထိန်းသိမ်းသိမ်းပဲ ကစားသွားဖို့များနေတယ်။ ဒါ့ပြင် အဝေးကွင်းပွဲလည်းဖြစ်လို့ အသင်းကိုလူအပြောင်းအလဲတွေတော်တော်များများလုပ်ပြီး ပွဲထွက်လာတာမျိုးလည်းရှိနိုင်တယ်။ လက်ရှိရီးယဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းကလည်း တည်ငြိမ်နေတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ယုံကြည်မှုအပြည့်နဲ့ အားကောင်းနေချိန်ဖြစ်လို့ ဆိုစီဒက်ကိုလည်း အေးအေးဆေးဆေးပဲထိန်းကစားသွားဖို့ များလိမ့်မယ်။ ဆိုစီဒက်တို့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် အမှတ်ရအောင်အားထုတ်လာနိုင်ပေမယ့် လက်ရှိအခြေအနေအရတော့ အမြင့်ဆုံးသရေတစ်မှတ်ပဲ မျှော်လင့်နိုင်မယ်။

Most Read

Most Recent