မက်အယ်လစ္စတာအား ဖျက်ထုတ်ခဲ့မှုအတွက် ပယ်နယ်တီပေးခံရမည်ကို စိတ်ပူခဲ့ကြောင်း ဒိုကူ ဝန်ခံ

မက်အယ်လစ္စတာအား ဖျက်ထုတ်ခဲ့မှုအတွက် ပယ်နယ်တီပေးခံရမည်ကို စိတ်ပူခဲ့ကြောင်း ဒိုကူ ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 28 March 2024

မန်စီးတီးတောင်ပံကစားသမား ဒိုကူက လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာအား ဖျက်ထုတ်ခဲ့မှုအတွက် ပယ်နယ်တီပေးခံရမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မတ်လ (၁၀) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၁) မန်စီးတီးပွဲ၏ ပွဲပြီးခါနီးတွင် မန်စီးတီးတောင်ပံကစားသမား ဒိုကူသည် ပယ်နယ်တီဧရိယာထဲတွင် ဘောလုံးကိုရှင်းထုတ်ရာ၌ ပြေးဝင်လာသည့် လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာ၏ရင်ဘတ်ကို ကန်မိခဲ့သည်။

ယင်းဖြစ်ရပ်တွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက လီဗာပူးလ်အသင်းကို ပယ်နယ်တီပေးခဲ့ခြင်း မရှိပေ။ သို့သော် ယင်းပွဲတွင် လီဗာပူးလ်အသင်း ပယ်နယ်တီရသင့်ကြောင်း သုံးသပ်မှုများရှိနေပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ယခုအခါ ဒိုကူက "ကျွန်တော့်ရဲ့လုပ်ရပ်က စွန့်စားလွန်းရာကျပါတယ်။ ကျွန်တော့်အနေနဲ့ ဘောလုံးကို အဲဒီလို မဖျက်ထုတ်ခဲ့သင့်ပါဘူး။ ကျွန်တော့်ရဲ့ ဖျက်ထုတ်မှုက ပယ်နယ်တီမဟုတ်ဘူးလို့ ယုံကြည်နေတုန်းပါပဲ။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးမှာ တချို့ဒိုင်လူကြီးတွေဆိုရင် ပယ်နယ်တီပေးတာမျိုးတွေ ရှိပါတယ်။ ပယ်နယ်တီမပေးရလို့ ကျွန်တော် ပျော်ခဲ့ပါတယ်။ ဒါပေမဲ့ VAR ကို ပြန်ကြည့်နေချိန်မှာတော့ ပယ်နယ်တီပေးခံရမှာကို အရမ်းစိတ်ပူခဲ့ပါတယ်။ ပယ်နယ်တီမရလို့ စိတ်ဆိုးကြသူတွေကိုလည်း ကျွန်တော်နားလည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent