■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 8 March 2024

ဘိုင်ယန်မြူးနစ် - မိန့်ဇ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်ကို နောက်ဆုံး(၆)ရာသီ ဆက်တိုက်အနိုင်ကစားထားပြီး (၅)ပွဲကလည်း ဂိုးပြတ်ခဲ့တာ တွေ့ရတယ်။ ဘိုင်ယန်အနေနဲ့ ဒီရာသီ ဘွန်ဒစ်လီဂါ အိမ်ကွင်းပွဲတွေမှာ လေဗာကူဆင်ကို သရေ၊ ဝါဒါဘရီမင်ကို အရေးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့ပွဲအားလုံး အနိုင်ကစားထားတယ်။ မိန့်ဇ်ကတော့ ဒီရာသီအဝေးကွင်းပွဲတွေမှာ အမြင့်ဆုံးသရေသာ ရခဲ့တယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။



လိုက်ပ်ဇစ် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၀၀ နာရီ)

ကြားရက်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲ ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တယ်။ ဒမ်းစတက်ဒ်ကတော့ အဝေးကွင်းမှာ အမှတ်တွေယူလာနိုင်တာ တွေ့ရတယ်။ လိုက်ပ်ဇစ် သုံးဂိုးပြတ်ဖို့ခက်မယ်။



မိုချန်ဂလာဘတ် - ကိုလုံး (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၀၀ နာရီ)

ကိုလုံးအသင်းက ဘွန်ဒစ်လီဂါအဝေးကွင်း နောက်ဆုံး(၃) ပွဲဆက်တိုက် သရေကျထားတယ်။ ဒီပွဲလည်း ကိုလုံး သရေမျှော်လင့်နိုင်တယ်။



အော့စ်ဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၀၀ နာရီ)

အော့စ်ဘတ်အသင်းက နောက်ဆုံး(၂)ပွဲမှာ ဖရန့်ဖတ်၊ ဒမ်းစတက်ဒ်တို့ကို အနိုင်ကစားထားတယ်။ ဒါပေမဲ့ ဟိုင်းဟိုင် သရေခံကစားနိုင်စွမ်းရှိတယ်။



၀ါဒါဘရီမင် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၂:၀၀ နာရီ)

ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဝင်လာချိန်မှာ ရလဒ်ပိုင်း အတက်အကျ များနေတယ်။ ဒီပွဲပြီးရင်လည်း PSV နဲ့ ချန်ပီယံလိဂ်ပွဲရှိနေလို့ အာရုံများနေနိုင်တာ သတိပြုရမယ်။ ဝါဒါဘရီမင်နဲ့ စွန့်စားသင့်တယ်။

 

Most Read

Most Recent