စပို့တင်းလစ္စဘွန်းကစားသမားနှစ်ဦးကို စောင့်ကြည့်ရန် အာဆင်နယ်အသင်း ကင်းထောက်စေလွှတ်

စပို့တင်းလစ္စဘွန်းကစားသမားနှစ်ဦးကို စောင့်ကြည့်ရန် အာဆင်နယ်အသင်း ကင်းထောက်စေလွှတ်
Photo: X
Photo: X
Published 4 March 2024

အာဆင်နယ်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ကစားသမားနှစ်ဦးကို စောင့်ကြည့်ရန် ကင်းထောက်များ စေလွှတ်ခဲ့ကြောင်း သိရသည်။

မတ်လ(၁)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော စပို့တင်းလစ္စဘွန်း ၂-၁ ဘင်ဖီကာပွဲတွင် အာဆင်နယ်အသင်း၏ ကင်းထောက်များက စပို့တင်းလစ္စဘွန်းအသင်းမှ နောက်ခံလူ ဒီယိုမန်ဒီနှင့် တိုက်စစ်မှူး ဂျော်ကာရက်စ်တို့ကို အဓိကစောင့်ကြည့်ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အိုင်ဗရီကို့စ်နောက်ခံလူ ဒီယိုမန်ဒီကို နွေရာသီ၌ ခေါ်ယူရန် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ဘင်ဖီကာမှ ကွင်းလယ်လူ ဂျော်အိုနေးဗက်စ်နှင့် နောက်ခံလူ အန်တိုနီယိုဆေးလ်ဗားတို့ကိုလည်း စောင့်ကြည့်ခဲ့သည်ဟု Mirror က ဖော်ပြခဲ့သည်။

Most Read

Most Recent