ဟာရီကိန်းအတွက် အခွင့်အရေး ရှိပါဦးမလား

ဟာရီကိန်းအတွက် အခွင့်အရေး ရှိပါဦးမလား
Photos: X
Photos: X
Published 4 May 2024
AK

လက်ရှိရာသီ ချန်ပီယံလိဂ်မှာ ဟာရီကိန်းရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုအရေအတွက်က ၁၁ ဂိုး အထိရှိလာပါပြီ။ ဟာရီကိန်းက ၈ ဂိုးသွင်းပြီးဂိုး ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာပါပဲ။ ချန်ပီယံလိဂ် သမိုင်းမှာ တစ်ရာသီအတွင်း အဲဒီလောက်ဂိုးသွင်းနိုင်သူမရှိခဲ့ဘူး။ ဒါဟာ ဆုဖလားတွေထက် ပိုပြီးဂုဏ်ယူစရာဖြစ်နေမလား ဟာရီကိန်းကိုယ်တိုင် မတွေးတတ်ဘူး။ ဟာရီကိန်းရဲ့ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက် ၄၃ ဂိုးကလည်း လက်ရှိရာသီဥရောပထိပ်တန်းလိဂ်ငါးခုမှာ ဘာပေနဲ့အတူအများဆုံးအဖြစ် ရပ်တည်နေတယ်။ ဘာပေထက်ပိုပြီးဂုဏ်ယူစရာကောင်းတာက ဟာရီကိန်းဆီကနေ ဂိုးဖန်တီးမှုတွေပါ မြင်တွေ့ခံစားခွင့်ရနေတာပါပဲ။ ဟာရီကိန်းရဲ့လက်ရှိရာသီ ဂိုးဖန်တီး မှုအရေအတွက်က ၁၁ ကြိမ်အထိရှိနေပြီး သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေတယ်။

 

Most Read

Most Recent