ဂါနာချိုအား နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်

ဂါနာချိုအား နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 28 March 2024

မန်ယူအသင်းသည် အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုအား နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

မန်ယူအသင်းပူးတွဲပိုင်ရှင်သစ်ဖြစ်လာသည့် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်းတွင် ခြေစွမ်းပြနေသည့် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုအား အသင်း၏အနာဂတ်အဖြစ် ရှုမြင်နေကြောင်း သိရှိရသည်။

မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ဂါနာချို(၁၉ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

သို့ သော် မန်ယူအသင်းသည် ရီးယဲလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဂါနာချိုအား လက်ရှိလစာထက် တိုးပေးကာ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန်စီစဉ်နေပြီး လာမည့်နွေတွင် ဆွေးနွေးမှု စတင်ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent