FA ဖလား ဆီမီးဖိုင်နယ်တွင် မန်ယူနှင့်တွေ့ဆုံရသည့်အတွက် ကိုဗင်ထရီနည်းပြ ဝမ်းမြောက်

FA ဖလား ဆီမီးဖိုင်နယ်တွင် မန်ယူနှင့်တွေ့ဆုံရသည့်အတွက် ကိုဗင်ထရီနည်းပြ ဝမ်းမြောက်
Photo: X
Photo: X
Published 21 March 2024

ကိုဗင်ထရီနည်းပြ မာ့ခ်ရော်ဘင်စ်က FA ဖလား ဆီမီးဖိုင်နယ်တွင် မန်ယူအသင်းနှင့်တွေ့ဆုံရသည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

အသက် (၅၄)နှစ်အရွယ်ရှိ မာ့ခ်ရော်ဘင်စ်သည် မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင် မန်ယူအသင်းနှင့်အတူ FA ဖလားကို ရယူဖူးသူဖြစ်သည်။

FA ဖလားကွာတားဖိုင်နယ်တွင် ဝုလ်ဗ်အသင်းကို အနိုင်ယူခဲ့သည့် ကိုဗင်ထရီအသင်းသည် ဆီမီးဖိုင်နယ်တွင် မန်ယူအသင်းနှင့်တွေ့ဆုံနေခြင်းဖြစ်သည်။

မာ့ခ်ရော်ဘင်စ်က ''မန်ယူ-လီဗာပူးလ်ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ တကယ်စိတ်လှုပ်ရှားစရာပွဲပါပဲ။ ဆီမီးဖိုင်နယ်မှာ မန်ယူအသင်းနဲ့ပဲ တွေ့ချင်ခဲ့ပြီး တကယ်ဖြစ်လာလို့ဝမ်းသာပါတယ်''ဟု ပြောကြားခဲ့သည်။