အီတလီစီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 April 2024

ဘိုလော့ဂ်နာ - အူဒီးနီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘိုလော့ဂ်နာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်း ဆုံးအနေအထားတစ်ရပ်ကို ပိုင်ဆိုင်နေပြီ။ နောက်ဆုံးပွဲမှာ ရိုး မားလို အဓိက ပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ ဘိုလော့ဂ်နာရဲ့ ခြေ စွမ်းနဲ့ စိတ်ဓာတ်က အထင်ကြီးစရာကောင်းတယ်။ အူဒီးနီးစ်က တော့ လာဇီယိုကို မထင်မှတ်ဘဲနိုင်ခဲ့တာကလွဲလို့ ရုန်းကန်နေရ ဆဲပါပဲ။ ဘိုလော့ဂ်နာအသင်း အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

အတ္တလန်တာ - အမ်ပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

အတ္တလန်တာက စီးရီးအေထက် ယူရိုပါလိဂ်ကို ပိုအာရုံ စိုက်ဖို့များနေတယ်။ ဒါကြောင့် ဒီပွဲမှာ အဓိက,ကစားသမားတွေ အနားပေးနိုင်တာကို ထည့်စဉ်းစားရမယ်။ အမ်ပိုလီကလည်း တန်းဆင်းအန္တရာယ်ရှိတာကြောင့် ရမှတ်ရယူနိုင်ဖို့ ကြိုးစားပါ လိမ့်မယ်။ သရေကျနိုင်တဲ့ ပွဲမျိုးပါပဲ။

နာပိုလီ - ရိုးမား (တနင်္ဂနွေည ၁၀း၃၀ နာရီ)

နာပိုလီက အခုချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပြီး စီးရီး အေနောက်ဆုံး (၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ခံစစ်ကစားပုံ အားနည်းဆဲဖြစ်ပြီး မထင်မှတ်ဘဲ ဂိုးတွေပေးနေရတာက စိတ် ပျက်စရာကောင်းတယ်။ ရိုးမားကလည်း လေဗာကူဆင်နဲ့ ယူရို ပါလိဂ်အရေးကြီးပွဲကစားဖို့ရှိလို့ အဓိကကစားသမားတွေ အ နားပေးထားနိုင်တာကို ထည့်တွက်ရပါမယ်။ ဒါ့အပြင် နာပိုလီ ကွင်းမှာ သွားရောက်ကစားတဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲဆက် ရိုးမား နိုင်ပွဲပျောက်ထားတယ်။ ဒီပွဲတော့ နာပိုလီ သရေနဲ့ အနိုင် ပါပဲ။

ဖီအိုရင်တီးနား - ဆာဆူအိုလို (တနင်္လာနံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားက နိုင်ပွဲပျောက်နေရာကနေ နောက်ဆုံးပွဲ မှာ ဆလာနီတာနာကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အားကောင်းတဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူး။ အမှတ်ပိုလိုအပ်နေတဲ့ ဆာဆူအို လိုနဲ့ အရဲစွန့်သင့်တယ်။

Most Read

Most Recent