■ တရုတ်ကစားသမားတစ်ဦးကို အသင်းထံ ခေါ်ယူလိုသည်ဟု အင်တာဥက္ကဋ္ဌ ပြောကြား     

■ တရုတ်ကစားသမားတစ်ဦးကို အသင်းထံ ခေါ်ယူလိုသည်ဟု အင်တာဥက္ကဋ္ဌ ပြောကြား     
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌ စတီဗင်ကျန်က တရုတ်ကစားသမားတစ်ဦးကို အသင်းထံ ခေါ်ယူသွားလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

တရုတ်လူမျိုး စတီဗင်ကျန်က "(၈)နှစ်အတွင်းမှာ ဒီအကြောင်းအရာကို ကျွန်တော် တွေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ သင့်လျော်တဲ့ကစားသမား မတွေ့သေးပေမဲ့ တစ်နေ့မှာ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

စတီဗင်ကျန်က ၎င်းင်း၏ ဥက္ကဋ္ဌသက်တမ်းအတွင်း နှစ်သက်မှုအရှိဆုံး ကစားသမားခေါ်ယူမှုနှစ်ခုမှာ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့ခြင်းနှင့် ပြင်သစ်နောက်ခံလူ ပါဗာကို ဘိုင်ယန်မြူးနစ်အသင်းထံမှ ခေါ်ယူနိုင်ခဲ့ခြင်းတို့ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent